
ကြီးလေးတဲ့ကံ
ကုသိုလ်ဘက်က မဟဂ္ဂုတ်ကံ၊ အကုသိုလ် ဘက်က အာနန္တရိယကံ ၅ ပါးဟာ ဂရုက ( ကြီးလေးတဲ့ကံ ) ပဲ။ အဲဒီကြီးလေးတဲ့ကံရှိ ရင် ကျန်တဲ့ကုသိုလ်၊ အကုသိုလ်ကံတွေက အကျိုးမပေးနိုင်။ အဲဒီကံကပဲ ပဋိသန္ဓေကျိုး ကိုပေးတယ်။ ဥပမာ မုန်ညင်းစေ့လောက်ရှိ တဲ့ အိုးခြမ်းကွဲ၊ သံလုံးတွေဟာ ရေထဲမှာပြစ် ချလိုက်ရင် ရေပ်ြငပေါ်မှာမပေါ်နိုင်။ အောက် ကိုသာ မြှပ်သွားသလိုပါပဲ။
အဲဒီလိုပါပဲ ကုသိုလ်မှာရော အကုသိုလ်မှာပါ။ ကြီးလေးတဲ့ကံကပဲ ယူသွားပါတယ်။ (အံ၊ ဋ္ဌ၊ ဒု၊ ၁၀၅)
အားများတဲ့ကံ အချိန်ကြာမြင့်စွာ အထုံရထားတဲ့ ကုသိုလ်ကံ အကုသိုလ်ကံဟာ ဗဟုလကံပဲ။ အားရှိတဲ့ ကုသိုလ်ကံထဲမှာ ၀မ်းမြောက်မှုကို ပြုတတ်တဲ့ ကံ၊ အကုသိုလ်တွေထဲမှာပူပန်မှုကိုပြုတတ်တဲ့ ကံတွေဟာ ဗဟုလကံပဲ။ လက်ဝှေ့သမား နှစ် ယောက်ဟာ လက်ဝှေ့ထိုးတဲ့နေရာကိုရောက် ကြတဲ့အခါ အားရှိတဲ့သူက အားနည်းသူကို အလဲထိုးအနိုင်ယူတယ်။ အဲဒီလိုပါပဲ။ အဟုတ် ကြီးမားတဲ့အနီးကပ်မို့ အားရှိတဲ့ကံကအားနည်း တဲ့ကံကို လွှမ်းမိုးကာ အကျိုးပေးတယ်။ (အံ၊ ဋ္ဌ၊ ဒု၊ ၁၀၅)
အနီးကပ်ကံ သေခါနီးမှာ အမှတ်ရနိုင်တဲ့ ကုသိုလ်ကံ အကုသိုလ်ကံတွေဟာ အာသန္နကံပဲ။ နွား အ ပေါင်းနဲ့ပြည့်နေတဲ့ နွားခြံတံခါးကို ဖွင့်လိုက်တဲ့ အခါ နောက်ဘက်ပိုင်းမှာ နွားငယ်၊ အားကြီးတဲ့ နွားတွေရှိပေမဲ့နွားခြံတံခါးနဲ့နီးတဲ့နွားသာအောက် ထစ်ဆုံးအားဖြင့်အားနည်းတဲ့နွားအိုတောင်အရင် ဆုံးထွက်တယ်။ အဲဒီလိုပဲအခြား ကုသိုလ်၊ အကု သိုလ်ကံတွေရှိပေမဲ့ သေခါနီးအချိန်နဲ့ နီးကပ်လို့ အကျိုးပေးတယ်။ (အံ၊ ဋ္ဌ၊ ဒု၊ ၁၀၇)
သာမဏေကျော် ပိဋကတ်တော်လာသိမှတ်စရာ
https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။
No comments:
Post a Comment