Monday, January 23, 2017

ရဟန်း သာမ​ဏေများ​ပျော်​​အောင်​ ဘယ်​လို ထိန်းရင်​​ကောင်းမလဲ ?



ယ​နေ့​ခေတ်​၌ သာသနာ​တော်​ကို ချစ်​မြတ်​နိုးကြ​သော ဆရာ​တော်​သံဃာ​တော်​များနှင့့်​လူဒါယကာ၊ဒါယိကာများသည်​ ရှင်​ရဟန်း​များကို လူမထွက်​ဘဲ သာသနာ​တော်​၌ ​ပျော်​​မွေ့​အောင်​ ​နေထိုင်​နိုင်​ကြရန်​ နည်းအမျိုးမျိုးသုံး၍ ကြိုးစား​နေကြပါသည်​။

ထိုသို့ ကြိုးစားရာ၌ တချို့က ပစ္စည်း​လေးပါး
ဖူလုံ​အောင်​ ​ထောက်​ပံ့၍၎င်း၊ တချို့က ​ကျောင်းစည်းကမ်း
များကို ​လျှော့​ပေါ့၍ လွတ်​လွတ်​လပ်​လပ်
ခြင်းခတ်​၊​ဘောကန်​၊တီဗွီ၊ဗွီဒီယိုပြခြင်းဖြင့်​၎င်း
တချို့က ဖုန်းသုံးခွင့်​ပြု၍၎င်း၊တချို့က ​ဆေးလိပ်​၊ကွမ်းယာစားသုံးခွင့်​ပြု၍၎င်း၊
တချို့က ညစာစားခြင်း ခွင့်​ပြု၍၎င်း
တချို့က မြို့ထဲရွာထဲ လွတ်​လွတ်​လပ်​လပ်​ သွားလာခွင့်​ပြု၍၎င်း၊ တချို့က ခရီးသွားခွင့်
ပြု၍၎င်း၊ တချို့က နိုင်​ငံအနှံ ကျင်းပ​သော
စာ​မေပွဲများကို ​ဖြေဆိုခွင့်​ပြု၍၎င်း အစရှိသည်​ဖြင့်​ စာသင်​သား​လေးများ စိတ်​ချမ်းသာ​အောင်​ ကြိုးစား​နေကြပါသည်​။

ထိုကဲ့သို့ နည်းအမျိုးမျိုးဖြင့်​ ရဟန်းသာမ​ဏေများ ​ပျော်​ရွှင်​​အောင်​ ကြိုးစား​နေကြ​သောလည်း ​ကျောင်းတိုက်​အားလုံးနီးပါး၌
စာသင်​သားသံဃာများ တနှစ်​ထက်​တနှစ်​ ပို၍
လျှော့နည်းလာပါသည်​။

အ​ကြောင်းကာ...ဆာငန်​​ရေးကို ​သောက်​သုံးမိသူသည်​ ​ရေငတ်​မ​ပြေနိုင်​သကဲ့သို့
ဝိနည်း​တော်​နှင့်​မအပ်​စပ်​​သော
အာရုံများကို ခံစားမိကြ​သော ရဟန်းသာမ​ဏေတို့သည်​လည်း မိမိရရှိ​နေ​သော အာရုံ​လောက်​နဲ့ မ​ရောင့်​ရဲ မတင်းတိမ်​နိုင်​ကြ​တော့ဘဲ ပို၍ အာရုံကို ခံစားချင်​လာ၍ သာသန​ဘောင်​မှ စွန့်​ခွာသွားကြသူသာ များလှပါသည်​။

အမှန်​တကယ်​​တော့ ရှင်​ရဟန်းများကို သာသနာ​တော်​၌ ​ဗုဒ္ဓအလို​တော်​ကျ ​ပျော်​​မွေ့
လာနိုင်​​အောင်​ ဆရာသမားများသည်​ မိမိ၏
တပည့်​​လေးများအား ​ရှေ့ဦးစွာ သဒ္ဓါတရားရှိ
အောင်​ ​မွေးဖွား​ပေးရန်​ အလွန်​အ​ရေးကြီးလှပါသည်​။

တပည့်​​လေးများ သဒ္ဓါတရား ဖြစ်​​ပေါ်လာ​အောင်​ ဗုဒ္ဓဘုရားရှင်​၏ ပါရမီဖြည့်​ခန်းများ၊
ရှေးဝိနယဂရုကဆရာ​တော်​ကြီးများ၏ သာသနာပြုပုံ အ​ကြောင်းအရာများကို အားကျအတုယူ ကျင့်​သုံးချင်​လာ​အောင်
ဘုရားဝတ်​တတ်​အပြီး၌၎င်း၊ စာဝါများ၌၎င်း အမြဲမပြတ်​ ဆုံးမသတိ​ပေး​နေရပါမည်​။

နောက်​ပြီး မှားယွင်း​သော အယူရှိသည့်​ မိစ္ဆာဒိဋ္ဌိများသည်​ သူတို့၏ ဘုရားသာသနာအတွက်​ အသက်​စွန့်​ပြီး​တောင်​ ကြိုးစား​နေကြ​သေးတယ်​ဆိုရင်​ အရှင်​ဘုရားတို့သည်​လည်း ဗုဒ္ဓအစစ်​ဖြစ်​​တော်​မူသည့်​ ဘုရားရှင်​၏သာသနာ​တော်​အတွက်​ အသက်​စွန့်​၍ သာသနာပြုအလုပ်​ကို ကြိုးစားသင့်​​ကြောင်း.စသည်​ဖြင့်
မိမိ၏တပည့်​​လေးများအား အခြားဘာသာနှင့်​ ယှဉ်​၍လည်း သတိ​ပေးဆုံး
မ​ပေးရပါမည်​။

နောက်​တစ်​ခုက ကံနှင့်​ကံ၏အကျိုးတရား
များ၊ သံသရာ၏ ထိန့်​လန့်​​ကြောက်​ရွံ့ပုံ
ကောင်းပုံများနှင့်​ လူဘဝ၌ လူတို့၏ ကျင်​လည်​​နေရသည့်​ လူမှုဒုက္ခများကိုလည်း
သံ​ဝေဂဖြစ်​​အောင်​ မကြာခဏ သတိ​ပေး
ဆုံးမဖို့လည်း အလွန်​အ​ရေးကြီးလှပါသည်​။

နောက်​ဆုံး အ​ရေးကြီးဆုံး အချက်​တခုက
ထိုသို့ ဆုံးမသြဝါဒ​ပေး၍ သဒ္ဓါတရားနှင့်​ သံ​ဝေဂတရားများဖြစ်​​ပေါ်လာ​သော တပည့်​​လေးများကို သဒ္ဓါတရားနှင့်​သံ​ဝေဂတရား
များ ​ရေရှည်​ခိုင်​မြဲ​စေရန်​ ဘုရားဂုဏ်​​တော်​၊ ​မေတ္တာ အာနာပါနစ​သော ကမ္မဋ္ဌာန်​များကိုလည်း ညတကြိမ်​၊ နံနက်​​စော​စော တကြိမ်​ အနည်းဆုံး တ​နေ့ နှစ်​ကြိမ်​​လောက်​ မိမိ​ကျောင်းတိုက်​ အ​ခြေအ​နေကို ကြည့်​၍ အားထုတ်​​စေသင့်​ပါသည်​။

ထိုသို့ ကမ္မဋ္ဌာန်​တရားကို လက်​ကိုင်​ထားနိုင်​မှ
သာလျှင်​ တပည့်​​လေးများ၏ သဒ္ဓါတရားသည်​ ကျဆင်းခြင်း မရှိ​တော့ဘဲ
ဝိနည်းသီလနှင့်​ ဓုတင်​အကျင့်​များကို ​စောင့်​တည်​ကျင့်​သုံး၍ ပရိယတ္တိစာ​ပေများကိုလည်း
အနာဂတ်​သာသနာ​တော်​အတွက်​ ရည်​ရွယ်​​တောင်းတ၍ အားရပါးရဖြင့်​ ဝမ်း​မြောက်​​ပျော်​ရွှင်​စွာ ​ကြိုးစားအားထုတ်​​နေမည်​ ဖြစ်​ပါ​ကြောင်း အသိ​ပေး တိုက်​တွန်းအပ်​ပါသည်​။



https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။

No comments:

Post a Comment