Monday, January 23, 2017

အတုယူထိုက်သော စိတ်ထား



လယ်တီဆရာတော်ဘုရားကြီးဆီကို
အနာဂါမ်ဆရာသက်ကြီး တပည့်ခံစဉ်က
ဒီလို လျှောက်ခဲ့တယ်

အရှင်ဘုရား

တပည့်တော်အား တပည့်အဖြစ်လက်ခံ၍
တရားဓမ္မများကို ဟောကြားပေးပါ သင်ပြပေးပါ

တပည့်တော်သည် တရားရသည်ဖြစ်စေ
တရားမရသည်ဖြစ်စေ တပည့်တော်ကြောင်
ဘုရားရှင်၏ သာသနာတော်သည် အနည်းငယ်မျှ
မညှိုးနွမ်းစေရပါ မဆုတ်ယုတ်စေရပါဘုရား တဲ့

ဆရာသက်ကြီး၏ ဤစကားတစ်ခွန်းကြောင့်ပင်
လယ်တီဆရာတော်ဘုရားကြီးမှ တပည့်အဖြစ်
လက္ခံ၍ အတူနေ ပညာဆည်းပူးခွင့် ပြုခဲ့ရသည်

ဆရာသက်ကြီးစိတ်ထားလိုပဲ နှလုံးသွင်းပြီး
ဆရာကြီးဦးဘခင် ဆရာကြီးဦးဂိုအင်ကာ စတဲ့
ဆရာတပည့်အဆက်ဆက် သာသနာပြုခဲ့ကြတာ ဘုရားရှင်သာသနာတော်မြတ်ကြီး လွန်စွာမှ ထွန်းကားကျယ်ပြန့် ခဲ့ရတယ်

အင်းးးး

မြန်မာနိုင်ငံမှာ ရဟန်းသံဃာတော်များနှင့် အုပ်ချုပ်သူ ခေါင်းဆောင်တွေရော
ပြည်သူတွေပါ ဆရာသက်ကြီးလို ငါ့အတွက်
သာသနာတော်မညှိုးနွမ်းစေရဘူး မဆုတ်ယုတ်စေရဘူး ဆိုတဲ့စိတ်ထားမျိုးထားလိုက်ရင်သာသနာတော်ကြီးအတွက် ရင်အေးစရာကောင်းမှာပဲ ။

[ ဦးမြင့်ခိုင် - စိတ်ပညာ ]

https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။

No comments:

Post a Comment