Tuesday, January 17, 2017

သူတော်ကောင်းစကားဟာလူမိုက်တွေနားမှာခါးလေ့ရှိတယ်


လူမိုက်တွေက အလင်းထက်အမှောင်ကိုပိုကြိုက်တယ်၊
လောကမှာလည်း လူလိမ္မာထက် လူမိုက်ကပိုများတယ်။
ဘုရားရှင်လက်ထက်မှာတောင် သူတော်ကောင်း တရားစစ်နဲ့ဘဝသံသရာကိုလမ်းပြပေးလိုတော်မူတဲ့ မြတ်ဗုဒ္ဓကိုဆဲရေးသူ၊ပုတ်ခတ်သူ၊ ဝေဖန်အပုပ်ချသူ၊ ကိုယ်ထိလက်ရောက်စော်ကားသူဆိုတဲ့
လူမိုက်တွေရဲ့ ထိုးနှက်မှုကို ၄၅ ဝါကာလပတ်လုံး
မြတ်ဗုဒ္ဓရင်ဆိုင်ခဲ့ရတယ်ဆိုတာမမေ့နဲ့။သူတော်ကောင်းတရားလည်းမသိ၊ဓမ္မအပေါ်လည်းမယုံကြည်၊လူသားဆန်တဲ့စိတ်လည်းမမွေးနိုင်၊အယူသီးသူ၊အစွန်းရောက်အတွေးအခေါ်တွေနဲ့ ဇာတ်ခွဲခြားသူကြီးတဲ့ပတ်ဝန်းကျင်၊ အလင်းထက်အမှောင်ကို ပိုကြိုက်တဲ့ ပတ်ဝန်းကျင်မှာဓမ္မအလင်းရောင်ဖြန့်ကြက်နိုင်ဖို့ မြတ်ဗုဒ္ဓ ဘယ်လောက်ကြိုးစားခဲ့ရသလဲဆိုတာဗုဒ္ဓဝင်တွေကိုပြန်ကြည့် သိရမယ်။သူတော်ကောင်းတွေရဲ့စကားဟာ လူမိုက်တွေရဲ့နားမှာအမြဲခါးလေ့ရှိတာမိုမှန်တဲ့ ပန်းတိုင်ကိုလျှောက်တဲ့နေရာမှာ လူမိုက်တွေရဲ့ ဝေဖန်ထိုးနှက်ကဲ့ရဲ့အပုပ်ချမှုတွေကိုဥပေက္ခာပြုနိုင်ခြင်းဟာကြီးမားတဲ့မေတ္တာဓာတ်နှလုံးသားမှာကိန်းခြင်းကြောင့်ဖြစ်ပြီးပန်းတိုင်ရောက်ရှိစေခြင်းနည်းလမ်းကောင်းလည်းဖြစ်ပါတယ်။

ပါမောက္ခချုပ် ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ

(လောကတို့အတွက် မြတ်ဗုဒ္ဓ၏ကြိုးပမ်းချက် တရားတော်မှ)First weekly ဂျာနယယ်

https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။

No comments:

Post a Comment