Friday, January 27, 2017

အရှုံး​ပေးသမျှ ....အနိုင်​ဆုံး



ဘုရားဆုပန်​တဲ့ အချိန်​ကစ...​ဟော
ခြင်​​လေး ဒီမှာ ဒီလို ကိုက်​ပြီး​တော့ စုပ်​​နေတာ​လေ...
စိတ်​ထဲက ​ကျေ​ကျေနပ်​နပ်​ ဝ​အောင်​သာ စုပ်​လို့ လှူတာ.... ကြားလား။

မလှူနိုင်​ဘူး ဒီက အသာ​ခြောက်​ရမှာ ဒီလို...မလှူနိုင်​ဘူးဟ။ လှူနိုင်​ပါမလား။
အားရပါးရ ကွာ...ခြင်​ကစ အရှုံး​ပေးပါတကား
ခြင်​ကစ အရှုံး မ​ပေးဘူးလား။
ဒါ​ကြောင့်​မို့ အတု...အတူ မရှိတာကိုးကွဲ့
ဒါမို့ အနိုင်​ဆုံးဖြစ်​ခဲ့တာ​နော်​။

ကဲ ဘယ်​ဘက်​ကပါ့ ယှဉ်​ယှဉ်​ ဘုရားမီနိုင်​တဲ့ ပုဂ္ဂိုလ်​ ရှိ​သေးရဲ့လား။
အရှုံး​ပေးသမျှ ....အနိုင်​ဆုံး​ပေါ့။
အခု လူ့​လောက ကိုယ်​ကဘဲ နိုင်​ချင်​တာကွဲ့။
နိုင်​ချင်​သမျှ ...ဒါ အရှုံး ချည်းလို့သာ ​အောက်​​မေ့။
ဖြစ်​တဲ့ဘဝမှာ ​အောက်​ကျဆုံး....လို့သာ ​အောက်​​မေ့ ကြားလား။

ကျေးဇူး​တော်​ရှင်​ မုံလယ်​ ဆရာ​တော်​ကြီး


➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳

သီလနဲ့ မလဲဘူးလား လဲသလား
####################

အခု ငါးပါးသီလ ရဲ့ အကျိုး အပြစ်ကို မသိတော့...
ဟိုအခင်းထဲ ဝင်လိုက် ပဲသီးလေး ခိုးလိုက်။ ဟိုအခင်းထဲ ဝင်လိုက် သခွားသီးလေး ခိုးလိုက်။ တော်ကြာ ဖြတ်သွားရင် ရုံးပတီသီးလေး လေးငါးထောင့် ကောက်လိုက်။ ဒီလိုတွေကား မရှိဘူးလားဟေ့။ငါးပါးသီလ တန်ဖိုးကို နားမလည်လို့ ပေါ့ကွဲ့။အင်မတန် အဖိုးတန်တဲ့ ငါးပါးသီလ နဲ့ ရုံးပတီသီးနဲ့ လဲ ပဲသီးနဲ့လဲ။ကြားလား။

ကုန်သည်ဘက်ကလည်း စည်းကမ်းမဲ့နေပြီးတော့မှ သီလနဲ့ မပြည့်စုံတဲ့ ကုန်သည်တွေကျတော့ကာ...ဟော.တစ်ပိဿာ နှစ်ကျပ်သား နှုတ် သုံးကျပ်သား နှုတ်ဟေ့။ ကြားလား။အေး...အဲဒါ သီလနဲ့ မပြည့်စုံတာတွေ မထင်ရှားဘူးလား။

စက်ချုပ်သမား ဘက်ကလည်း...
ပြန်ပြီးတော့ ရှေးရှေးက ဘုန်းကြီးတို့ ရွာမှာ ဖိုးထွန်းကြီး လို့ စက်သမားကြီး ရှိတယ်နော်။

အရှေ့တိုက်က ပေါင်တီးနိုင်တို့ ညီအစ်မတွေ အပ်တဲ့အခါ ချိန်ပြီးတော့ အပ်တာ ကြားလား။
သူ့အထည်ကျတော့ မင်းတို့ ....သူ့လက်အောက်က တပည့်တွေ လေးငါးယောက် ရှိတာကိုး။
စက်သင်တဲ့သူတွေ မင်းတို့ မထိကြနဲ့ မကိုင်ကြနဲ့တဲ့။ကြားလား။

သူကိုယ်တိုင် ညှပ်ပြီးတော့ ချုပ်ပေးတာ။ ကတ်ကြေး နဲ့ ကိုက်ပြီးတော့။ သေးသေးလေး အစ ကစ ပြန်ထုပ်ပေးလိုက်တာ ။အိမ်ကိုကျတော့ ပြန် ချိန်တာ ဟိုကလေ။ မှန်တယ်တဲ့ ဟဲ့။ သေချာချာ လေ့လာနော်။

ပိုက်ဆံက ချုပ်ခက တစ်မတ်ဆို တစ်မတ် ရလိုက်ပြီးပြီကိုး။ ပိုတာ သူ့ဟာကွဲ့။ အခုတော့ တစ်ဝါးလည်းယူ ။လေးသစ်လည်းယူ။ တော်ကြာ စပ်ထဘီ လုပ်ပြီးတော့ ရောင်းလို ရောင်း ။သေချာချာ လေ့လာနော်။

ကဲ သီလနဲ့ မလဲဘူးလား လဲသလား။ အင်မတန် အဖိုးတန်တဲ့ သီလကို ကွာ...အားရပါးရ မသိတော့ကာ အလွဲသုံးစားလုပ် ဖြုန်းပစ်လိုက်တာပေါ့။

တချို့ကလည်း အရက်ပုလင်း တစ်အာတာနဲ့ လဲတဲ့ ပုဂ္ဂိုလ် ကလည်း ရှိသေးတာကိုးကွဲ့။ သုရာမေရယလို့ မရှိဘူးလား။ အဲဒီ တစ်အာတာနဲ့ လဲတာများ ငါ အံသြတယ်ကွာ ။ ကြားလား။ အဲလို စိစစ်ဖို့ မကောင်းလား။ ထိထိမိမိ လေ့လာနော်။

အစိုးရဝန်ထမ်း အနေနဲ့လည်း ရုံးတက်တာက ဆယ်နာရီ ကိုးကွဲ့။ ဆယ်နာရီက နောက်ကျ ဆယ့်တစ်နာရီ။ တချို့က ဆယ်နာရီခွဲ။ နာရီဝက်လောက် နောက်ကျတဲ့ ပုဂ္ဂိုလ် တွေ မရှိဘူးလားဟေ့။

လခထုတ်တဲ့အခါ နောက်ကျတယ်လို့ လျော့ရဲ့လားကွဲ့။ မလျော့...အဒိန္နာဒါနကံ ကင်းပါမလား ကွဲ့။ ကြောက်စရာ ကောင်းတာကွာ ကြားလား။အဲလို စိစစ်ဖို့ မကောင်းလား။

တစ်ဖက်ကလည်း ပြန်လေ့လာကြဦး။
ငါတို့ဌာနက ဘယ်လိုနေတယ်။ ဘယ်ဌာနက ဘယ်လိုနေတယ်။ ငါတို့ ဆီကနေပြီးတော့ လာဘ်ကောင်းတာပေါ့။ ငါတို့ဆီက အောက်ဆိုက်ကောင်းတယ်လို့ကား မပြောဘူးလား။

အဲ လခဘယ်လောက်ရလဲ လို့ မမေးဘူးလား။ ထောင့်ငါးရာပေါ့ကွဲ့။ အောက်ဆိုက်က နှစ်ထောင်လောက် ရတာပေါ့။ ဒီလိုတွေကား မပြောကြဘူးလား။

အောက်ဆိုက်လို့ နာမည်ပေးတတ်တာ မှန်လွန်းလို့ကွာ။ ငါအားရတယ် အဲဒါ ၊ကြားလား။ အထက်ကိုတော့ မဆိုက်ဘူး အောက်ကို ဆိုက်မှာဗျား။ ငရဲ တိရစ္ဆာန် ပြိတ္တာအသူရကယ် အပါယ်လေးဘုံ ဆိုတာ အောက်ဆိုက်ကွဲ့။ အောက်ဆိုက်။ ကြားလားဟ။
သိရင် ပယ်ရမှာနော်။ မသိ... အဲဒီအကျင့်တွေက ပယ်နိုင်ပါ့မလား။

အဲဒါမို့ ကြားဖူးမှ နားဝတယ်လို့ မဟောဘူးလား။
မြတ်စွာဘုရား ဟောတဲ့တရားကို ပြန်စိစစ်ဖို့ ကောင်းတယ်နော်။ သုတဝါ အရိယာသာဝကော လို့ မဟောဘူးလား။ သုတ အကြားအမြင်သာ ရှိရင် အရိယာ ဖြစ်တယ်တဲ့ကွဲ့။

အသုတဝါ ပုထုဇ္ဇနော ဆိုတာ ... အကြားအမြင် နည်းတဲ့ ပုဂ္ဂိုလ် မို့လို့ အောက်ဆိုက် အလုပ်ကို လုပ်တာ။
သေချာချာ စဉ်းစားကြ။ အကြားအမြင် များတဲ့ ပုဂ္ဂိုလ် က မစင်ကို ကိုင်ရမှာ ရွံ့သလိုကို ရွံတာကွဲ့။ မရွံဘူးလားဟေ့။ အဲလို စိစစ်ဖို့ လိုတယ်နော်။

ကဲ...သိတော့ မပယ်ရပေဘူးလား။
မသိ... ပယ်နိုင်ပါ့မလားကွဲ့။

ကျေးဇူးတော်ရှင် မုံလယ် ဆရာတော် ဘုရားကြီး


➳ ➳ ➳ ➳ ➳ ❆ ➳ ➳ ➳ ➳ ➳ ❆ ➳ ➳ ➳ ➳ ➳ သချိုင်းကင်းတာ တခုမှ မရှိ။
°°°°°°°°°°°°°°°°°°°°°°°°°°°°
ကိုယ်လာတဲ့ ဘဝအသီးသီးဟာ ပြန်လေ့လာကြ။ ဘယ်ဆီ ဘယ်ဌာနလို့ ပြောမနေနဲ့။ လူတွေ ပြန်စဉ်းစားကြည့်တော့ သုံးဆယ့်တစ်ဘုံမှာတော့ကာ သုဒ္ဓါဝါသဘုံကလွဲရင် ... မရောက်တဲ့ဘုံများ ရှိပါမလားကွဲ့။ မရောက်တဲ့နေရာလို့ ရှိမှာ မဟုတ်ဘူးနော်။

ဒါတော့...ဟိုမြို့ ဒီမြို့ သွားချင်သလားလို့ မေးကြတယ်။
ဘုန်းကြီးတော့ မကြွချင်ဘူး လို့။
စဉ်းစားမယ်ဆို ကိုယ်မရောက်တဲ့ နေရာမှ မရှိဘဲကိုးကွဲ့၊ သေချာချာ စဉ်းစားဖို့ မကောင်းလား။ အဲသလို နွားများ ကျွဲများလို စားမြုံတော့ မပြန်ချင်တော့ဘူးဟေ့။ သေချာချာလေ့လာနော်။အင်း မရောက်သေး မရသေးတဲ့ သန္တိသုခ နိဗ္ဗာန် သာ အလိုရှိတယ်၊ ကြားလား။ ဟိုဟာ ဒီဟာတွေဟာ ကိုယ်ရောက်ခဲ့တဲ့နေရာတွေ ။ အဲလို စိစစ်ဖို့ မကောင်းလား။

ဘုန်းကြီး တို့ သုတအနေနဲ့ ကြားမိတာ ။
မြတ်စွာဘုရား ရှင် ကိုယ်တော်မြတ်ကြီး...ဘုရားဖြစ်ပြီးတော့။ သချိုင်းလွတ်တဲ့နေရာမှာ သွားဆွမ်းဘုဉ်းပေးမယ်ဆို ရေပြင်ကြီးမှာ ကျောက်တုံးကြီး ရှိတယ်တဲ့ကွဲ့။ အဲဒီ ကျောက်တုံးပေါ်မှာ ဆွမ်းဘုဉ်းပေး တာတဲ့ မြတ်စွာဘုရား ။အဘိညာဉ်နဲ့ ကြည့်တော့ ဟင် ငါ ဘယ်နှဘဝတုန်းက သေခဲ့တာ ဒီနေရာကိုးတဲ့။ ကြားလား။ ကဲ သချိုင်း ကင်းတာများ ရှိရဲ့လားဟေ့။ ရှိပါဘူးကွဲ့ ။

အဲဒါကြောင့် မိုးကုတ်ဆရာတော်ဘုရားက မင်းတို့ ရွတ်ချင်တဲ့ ပရိတ်ရွတ်၊ သချိုင်း ကင်းတာ တခုမှ မရှိဘူးတဲ့။ သချိုင်း ကင်းတာ ရှိပါမလား။ မရှိဘူးကွဲ့၊ ကြားလား။ ဘုရားပွင့်တာ ဘယ်လောက်ကြာသွားပြီလဲ၊ ဘုန်းကြီးတို့ သချိုင်း ချင်းကို ထပ်နေတော့မှာဟေ့။ သေချာချာ လေ့လာနော်။ အဲလို စိစစ်ဖို့ မကောင်းလား။

ဒါ လိုရင်းအချက်ကတော့ သစ္စာသိဖို့ပေါ့။ ခန္ဓာ သိဖို့ပေါ့။ ပဋိစ္စသမုပ္ပါဒ် အကြောင်းအကျိုး သိဖို့ပေါ့။

#အကြောင်း အကျိုးသိရင် ကိလေသာအသစ် ဖြစ်ခွင့် မရဘူး ကွဲ့။

ကျေးဇူးတော်ရှင် မုံလယ် ဆရာတော်ကြီး
၂၈.၁၀.၉၇.နံနက် ၇နာရီ

အသံကြိုးတိပ်ခွေမှ စာစီပူဇော်ပါသည်။
အရှင်တေဇနိယ မုံလယ်ဇ

➳ ➳ ➳ ➳ ➳ ❆ ➳ ➳ ➳ ➳ ➳ ❆ ➳ ➳ ➳ ➳

သံသရာ သုံးကြောင်း သုံးသွယ်
::::::::::::::::::::::::::::::::::::::::::::::::::::::::::::::
တခါ ပြန်ပြီးတော့မှ ဝဋ်အနေနဲ့ ပြောကြစို့ ဟောကြစို့ ဆိုတော့...ကိလေသဝဋ် ကမ္မဝဋ် ဝိပါကဝဋ်နော်။

အဲဒီဝဋ်သုံးပါးမှာ သံသရာက သုံးကြောင်း သုံးသွယ်။ ကြားလား။
အောက်သံသရာတဲ့ ၊အလယ်သံသရာ၊ အထက်သံသရာတဲ့ သုံးကြောင်း သုံးသွယ်ရှိတယ်နော်။

ဒါတော့ အောက်သံသရာနဲ့ ပတ်သက်တဲ့ ကိလေသဝဋ် ကမ္မဝဋ် ဝိပါကဝဋ် လို့မရှိဘူးလား။
အလယ် သံသရာနဲ့ ပတ်သက်တဲ့ ကိလေသဝဋ် ကမ္မဝဋ် ဝိပါကဝဋ် လို့မရှိဘူးလား။အထက်သံသရာနဲ့ ပတ်သက်တဲ့ ကိလေသဝဋ် ကမ္မဝဋ် ဝိပါကဝဋ် လို့မရှိဘူးလား။အဲဒီဟာကို နားလည်ဖို့ လိုတယ်နော်။

ကဲ... အောက်သံသရာနဲ့ ပတ်သက်တဲ့ ကိလေသဝဋ် က ဘယ်တရားတွေလဲလို့ မေးရင် ဘယ်လိုများ အဖြေ ပေးကြမလဲ။နော်။ အဲဒါ စဉ်းစားကြ။ သေချာချာ လေ့လာနော်။

ဒါတော့ အောက်သံသရာနဲ့ ပတ်သက်တဲ့ ကိလေသဝဋ် က ဘယ်တရားလဲ ဆိုတော့...ဒိဋ္ဌိ ဝိစိကိစ္ဆာ တရားနှစ်ပါး။ ဒါ ကိလေသဝဋ် လို့ မဟောဘူးလား။ ဒါ အောက်သံသရာနဲ့ ပတ်သက်တဲ့ ကိလေသဝဋ်က ဒိဋ္ဌိဝိစိကိစ္ဆာ တရားနှစ်ပါးနော်။

အဲဒီ ကိလေသဝဋ် ရှိခဲ့ရင် ကမ္မဝဋ်...ဘာတွေပြုမလဲ ။ အကုသိုလ်နော်။
အဲ...အဲဒါ အကုသိုလ် ကမ္မဝဋ် က ပါဏာတိပါတာ အဒိန္နာဒါန ကာမေသုမိစ္ဆာစာရ...ကာယကံနဲ့ ပတ်သက်တဲ့ ကမ္မဝဋ် မပြုဘူးလား။

မုသာဝါဒါ ပိသုဏဝါစာ ဖရုသဝါစာ သမ္ဖပလာပ ဝစီကံနဲ့ ပတ်သက်တဲ့ အကုသိုလ် မပြုပေဘူးလား။

မနောကံနဲ့ ပတ်သက်တဲ့ အကုသိုလ် အဘိဇ္ဈာ ဗျာပါဒ မိစ္ဆာ ဒိဋ္ဌိ မပြုပေဘူးလား။ အဲဒါ အောက်သံသရာနဲ့ ပတ်သက်တဲ့ ကမ္မဝဋ် တွေပေါ့ကွဲ့။

အဲဒါ ဒိဋ္ဌိဝိစိကိစ္ဆာ တရားနှစ်ပါး ကိလေသဝဋ် ရှိရင် ကမ္မဝဋ်ဖြစ်တာ။ ဤကမ္မဝဋ်ဖြစ်ခဲ့ရင် အကျိုးတရား ဝိပါကဝဋ်က ဘယ်မှာ အကျိုးပေးမလဲ။ ငရဲ တိရစ္ဆာန် ပြိတ္တာ အသူရကာယ်။အဲဒါ အကျိုးတရား ဝိပါကဝဋ်နော်။ အဲလို စိစစ်ဖို့ မကောင်းလား။

ဒါကြောင့်မို့ အောက်သံသရာနဲ့ ပတ်သက်တဲ့ ကိလေသဝဋ် က ဘယ်တရားလဲ လို့ မေးရင် ဘယ်လို အဖြေပေးမလဲ။ ဒိဋ္ဌိဝိစိကိစ္ဆာ တရားနှစ်ပါး နော်။ အဲဒီ ကိလေသဝဋ် ရှိခဲ့ရင် ကမ္မဝဋ် က ဘာတွေ ဖြစ်မလဲ။ ကာယကံနဲ့ ပတ်သက်တဲ့ အကုသိုလ် ဝစီကံနဲ့ ပတ်သက်တဲ့ အကုသိုလ် မနောကံနဲ့ ပတ်သက်တဲ့ အကုသိုလ် မပြုပေဘူးလား။ အဲဒါ ကမ္မဝဋ် ပေါ့။ဤကမ္မဝဋ် ဖြစ်ခဲ့ရင် အကျိုးတရား ဝိပါကဝဋ်က ဘယ်မှာ အကျိုးပေးမလဲ။.. ..အဲဒါ သေချာချာ စဉ်းစား မှတ်ထားကြနော်။အဲဒါ အောက်သံသရာနဲ့ ပတ်သက်တဲ့ ကိလေသဝဋ် ကမ္မဝဋ် ဝိပါကဝဋ် သုံးပါးပေါ့။

အလယ်သံသရာနဲ့ ပတ်သက်တဲ့ ကိလေသဝဋ် ကမ္မဝဋ် ဝိပါကဝဋ် ရှိသေးတယ်နော်။ အလယ်သံသရာနဲ့ ပတ်သက်တဲ့ ကိလေသဝဋ် က ဘယ်တရားတွေလဲ လို့ မေးရင် ဘယ်လို အဖြေပေးမလဲ။ အလယ်သံသရာနဲ့ ပတ်သက်တဲ့ ကိလေသဝဋ် တရား...။ ကိလေသဝဋ်.. ...ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံ နော်။ ကာမဂုဏ်ငါးပါး အာရုံတရားအပေါ်မှာ လိုချင်မှု နှစ်သက်မှု စွဲလမ်းမှုက ...လောဘတဏှာ သမုဒယသစ္စာ။ ဒါကိလေသဝဋ် မခေါ်ဘူးလား။ လောဘတဏှာ သမုဒယသစ္စာက ကိလေသဝဋ် ပေါ့။ ဒါ အလယ်သံသရာနဲ့ ပတ်သက်တဲ့ ကိလေသဝဋ် နော်။ ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံ ကာမဂုဏ်ငါးပါး အာရုံတရားအပေါ်မှာ လိုချင်မှု နှစ်သက်မှု စွဲလမ်းမှုက ...လောဘတဏှာ သမုဒယသစ္စာ။ အဲဒါ ကိလေသဝဋ် မရဘူးလား။ အဲဒီ ကိလေသဝဋ် ရှိခဲ့ရင် အလယ်သံသရာမှာ ကမ္မဝဋ် က ဘာတွေ လုပ်မလဲ။ သေချာချာ လေ့လာနော်။ ဒါနကုသိုလ် သီလကုသိုလ်ပေါ့။ အဲဒီ ဒါနကုသိုလ် သီလကုသိုလ်ကို ကမ္မဝဋ် လို့ မခေါ်ဘူးလား။ ဤကမ္မဝဋ် ဖြစ်ခဲ့ရင် ဝိပါကဝဋ်က ဘယ်မှာ အကျိုးပေးမလဲ။ လူ့ပြည် နတ်ပြည်။ ဒါ ဝိပါကဝဋ်နော်။ အကျိုးတရား ဝိပါကဝဋ်ပေါ့။
အလယ်သံသရာနဲ့ ပတ်သက်တဲ့ ကိလေသဝဋ် ကမ္မဝဋ် ဝိပါကဝဋ် သုံးပါးပေါ့နော်။

လောဘတဏှာ သမုဒယသစ္စာက ဒါ ကိလေသဝဋ် ကိုး။ အဲဒီကုသိုလ်... ကာယကံနဲ့ ပတ်သက်တဲ့ ကုသိုလ် ဝစီကံနဲ့ ပတ်သက်တဲ့ကုသိုလ် မနောကံနဲ့ ပတ်သက်တဲ့ ကုသိုလ် ဒါတွေက ကမ္မဝဋ် တွေပေါ့။ ကမ္မဝဋ် ဖြစ်ရင် ဝိပါကဝဋ်က လူ့ပြည်နဲ့ နတ်ပြည်မှာ အကျိုးပေးမယ်။ အဲဒါတွေက သူ့လမ်းနဲ့ သူတွေ သိထားဖို့ လိုတယ်နော်။

အထက်သံသရာနဲ့ ပတ်သက်တဲ့ ကိလေသဝဋ် က ဘယ်တရားတွေလဲ ...။ ဗြဟ္မာဘုံ ဗြဟ္မာဘဝကို လိုချင်နှစ်သက်တဲ့ ဘဝတဏှာ သမုဒယသစ္စာက ကိလေသဝဋ် မဖြစ်ဘူးလား။ အဲဒီ ကိလေသဝဋ် ဖြစ်ရင်
ကမ္မဝဋ် က ကမ္မဋ္ဌာန်းလေးဆယ်တစ်ခုခု အားမထုတ်ပေဘူးလား ။ အားထုတ်မယ်နော်။အားထုတ်လို့ သမာဓိသာရမယ်ဆို တော်တော်လေး ဖြစ်မယ်ဆို သူတပါး စိတ်အစဉ်တောင် သိနိုင်တယ်လို့ မဟောဘူးလားဟေ့။ အဲဒါထက် ရင့်ကျက်မယ်ဆို မြေလျှိုး မိုးပျံနိုင်တာပေါ့။ အဲဒါ ကမ္မဝဋ် တွေ မဖြစ်ဘူးလား။

ကမ္မဝဋ် ဖြစ်ရင် ဝိပါကဝဋ်က ဗြဟ္မာနှစ်ဆယ်မှာ ခန္ဓာ ရမယ်နော်။အဲဒါ အကျိုးတရား ဝိပါကဝဋ်က ဗြဟ္မာခန္ဓာပေါ့။ အဲဒါ ကိလေသဝဋ် ကမ္မဝဋ် ဝိပါကဝဋ် သုံးပါး မရပေဘူးလား။ အဲဒါ သံသရာ သုံးကြောင်း သုံးသွယ်။ လို့ မဟောလား။ အဲလို စိစစ်ဖို့ လိုတယ်နော်။

အဲဒီ သံသရာ သုံးကြောင်း သုံးသွယ်က လွတ်မြောက်မှ ချမ်းသာအစစ်ကို ရမှာကွဲ့။ ကြားလား။
ဒါတော့ ဘာတွေကို လေ့လာဖို့လိုလဲ။ ခန္ဓာ သိဖို့ လိုတယ်နော်။ အာယတန သိဖို့ လိုတယ်နော်။ ဓာတ်ကို သိဖို့ လိုတယ်နော်။ သစ္စာသိဖို့ လိုတယ်နော်။ ပဋိစ္စသမုပ္ပါဒ် အကြောင်းအကျိုး သိဖို့ လိုတာပေါ့။ သိမှ ပယ်နိုင်တာ။

ကျေးဇူးတော်ရှင် မုံလယ် ဆရာတော်ဘုရားကြီး။
➳ ➳ ➳ ➳ ➳ ❆ ➳ ➳ ➳ ➳ ➳ ❆ ➳ ➳ ➳

ပြောသံကြား​တွေနဲ့ မလုပ်​နဲ့ 

`````````````````````
´´´´´´´´´´´´´´´´´´´´´

ဘုန်းကြီးတို့ ရွာမှာ..... ဆရာ​တော်​ ဦးဒသမဆိုတာ ရှိတယ်​။
ရန်​ကုန်​က ဦးစံသိန်းတို့​တွေက ပင့်​လို့ ...
ရန်​ကုန်​မှာ တရားဖွင့်​မလို့ သထုံကို ​လေ့လာတယ်​​နော်​။ဂန့်​​ဂေါ ​ရောက်​​တော့ သူ့ဌာ​နေ ​ရောက်​တဲ့အခါကျ​တော့ မကျန်းမမာဖြစ်​.... အဲဒါနဲ့ ဦးစံသိန်းတို့.. .
ကိုင်း ဒကာတို့ ​ကျေနပ်​တဲ့ ပုဂ္ဂိုလ်​ကိုပင့်​ကြ ။
ကျုပ်​​တော့ ကျန်းမာ​ရေး မညီညွတ်​ဘူးလို့ စာပြန်​လိုက်​တာ​ပေါ့။

အဲဒီ​တော့ သူ့​ကျောင်းမှာ တရား​တွေ ဘာ​တွေ ဖွင့်​လို့်​ ဂူ​တွေ ဘာ​တွေ ကမ္မဋ္ဌာန်း​ကျောင်း​တွေ ထားတာ​ပေါ့။
ဒါက ဘယ်​လို ​လေ့လာ။
သွား သွား သွား နင်​တို့်​ ဂူထဲ ဝင်​ကြ။
ဘယ်​လိုများ မြင်​လဲ ကြည့်​ခဲ့ကြ ခိုင်းတာ​ပေါ့။

တချို့ကလည်း ဒါဝင်​ပြီ ကြည့်​ပြီ ဆိုတဲ့အခါကျ​တော့....
ဘယ်​လို​နေလဲ.... ဝင်းလို့ ​နေတယ်​။
တချို့က ဘယ်​လိုမြင်​တယ်​ ပုံ​တော်​​တွေ။ ဘုရားပုံ​တော်​​တွေ မြင်​တယ်​။
တချို့က ​အေးပြီး​တော့ ​နေတယ်​။ ဒီလို​တွေ​ပေါ့။
အမျိုးမျိုး ​တွေ့ဖူး ကြုံဖူး ကြားဖူးတာ​တွေ ​ပြောကြတာ​ပေါ့​လေ။

အမျိုးသမီး​လေး အပျို​လေးက ​အေး​မေတဲ့။
အဲဒီအမျိုးသမီးက ​သေပြီးပြီ။
သွားသွား နင်​လည်း ဝင်​​ချေ... ကြည့်​​ချေလို့ ခိုင်း​တော့တာ။
ကြည့်​ဖို့ ခိုင်း​တော့ ဝင်​​တော့တာ။ ဘုန်းကြီး ခိုင်းလို့သာ ဝင်​ရတာကိုး။ ခပ်​​ကြောက်​​ကြောက်​ ကြားလား။

အတန်​ငယ်​ကြာ​တော့ နင်​က ဘယ်​လို​တွေ့သလဲ။
ကင်းများ​တွေ့မလား...​မြွေများ ​တွေ့မလား
အဲဒါ ​တွေကို ​တွေး​နေတာ တခြား ဘာမှ မ​တွေ့ဘူးတဲ့ ကြားလား။ နင်​ကမှန်​တယ်​ နင်​ကမှန်​တယ်​တဲ့။

ဟိုလူ​တွေက သူများ ​ပြောသံကြားတာ စွက်​​ပြောတာ တခုမှ မဟုတ်​ဘူးတဲ့။
နင်​က နင့်​ပင်​ကိုစိတ်​ အတိုင်း ​ပြောတာ နင်​ကမှန်​တယ်​တဲ့။
ကြားလား.... နင်​က မှန်​တယ်​တဲ့ ။
သေချာချာ​လေ့လာ​နော်​။ ဟိုဟာ​တွေက သူများ ​ပြောသံကြားတာ စွက်​​ပြောတာ ဘာမှ မဟုတ်​ဘူး တဲ့။
အဲဒီလို ​ပြောဖူးတယ်​...ကြားလား။

အခုလည်း ​ပြောသံကြား​တွေနဲ့ မလုပ်​နဲ့ 
ကိုယ့်​ခန္ဓာက ပြတာကို ​ပြောရတာ။
တွေ့တာကို ​ပြောရမှာဟ။
သေချာချာ​လေ့လာ​နော်​။
မြွေ ​မြွေချင်း ​ခြေမြင်​တယ်​တဲ့။ လိမ်​လို့ မရဘူး။

ကျေးဇူး​တော်​ရှင်​ မုံလယ်ေ​တာရ ဆရာ​တော်​ကြီး
အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တ သံဝရ
➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳

စိတ် ဆိုး အ ရင် မ လို နဲ့။

#################

ကြောင် ပန်း က ဟော တာ ကြား ဖူး တယ်။
အ ဆဲ ကို လည်း ချွေ ချွေ တာ တာ တဲ့။

အ ဆဲ ချွေ တာ လို့ ဖြစ် ပါ မ လား။
ချွေ ချွေ တာ တာ တဲ့ ကွဲ့။
ကြား လား... အေး အဲ သ လို တွေ လို တာ။

ကဲ... အ တိတ် ဘ ဝ တုန်း က ကိုယ် ပြု ခဲ့ တာ တွေ သိ ပါ့ မ လား။
အ တိတ် ဘ ဝ တုန်း က လည်း သူ့ ကို အ ရှက် ခွဲ ခဲ့ မှာ ပေါ့။
ကိုယ့် အ လှည့် လည်း လွတ် ပါ မ လား။
အဲ သ လို ပြန် ပြီး တော့....
စဉ်း စား လို့ ရှိ ရင် ပြု သူ အ သစ် ခံ သူ အ ဟောင်း။
ကိုယ် ပြု ခဲ့ တာ...။
ပြေ မ သွား ဘူး လား။
အဲ ဒါ လို တာ ဗျာ့။ လို တာ။

လွယ် ပါ တယ်။ သူ့ နည်း နဲ့ သူ တွေ။
အဲ ဒါ လို တာ။

အ ခု ဟာ လူ တွေ က စိတ် ဆိုး ဘဲ အ ရင် လို နေ တာ ကွဲ့။

အ ရင် မ လို နဲ့ .... စိတ် ဆိုး က...။

ကျေး ဇူး တော် ရှင် မုံ လယ် ဆ ရာ တော် ဘု ရား ကြီး။
အ ဂ္ဂ မ ဟာ က မ္မ ဋ္ဌာ နာ စ ရိ ယ ဘ ဒ္ဒ န္တ သံ ဝ ရ။


➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳

အဝိဇ္ဇာမျက်လုံး နှင့် ဝိဇ္ဇာမျက်မှန်။



တရားနာ ပရိသတ် စဉ်းစားကြ။
ဘုရား အဆူဆူ ဟောခဲ့တာကွဲ့နော်။
မရှိ ပညတ်က လူနတ်ဗြဟ္မာသတ္တဝါ။ မရှိ ပညတ်က လူနတ်ဗြဟ္မာသတ္တဝါ။
မရှိ ပညတ်က လူနတ်ဗြဟ္မာသတ္တဝါ... ဘုရား မဟောဘူးလား။

ဘာတွေ မရှိတာလဲ... စိစစ်ဖို့ မကောင်းလား။
လူ မရှိဘူး။ နတ်မရှိဘူး။ ဗြဟ္မာ မရှိဘူး။ ပုဂ္ဂိုလ် သတ္တဝါ မရှိဘူး။ အဲဒါ ဘုရား ဟော မဟော။
ဟောပေမယ့်လို့ လူတွေက ဘယ်လို ဟောဟော မယုံဘူး။
ဘယ်ယုံမလဲ။
မြင်နေတာကိုး... လူတွေ။
လူတွေ မြင်နေတာ။

အဝိဇ္ဇာ မျက်လုံး တပ်ကြည့်တော့ လူတွေပေါ့ကွဲ့။
ဘယ်လိုမှ ဖျောက်လို့ မရဘူး။ ရပါမလား။
အဖေ မိဘမွေးတဲ့ မျက်လုံးနဲ့ ကြည့်တော့ လူတွေ မြင်နေတာပေါ့။
မရှိဘူးလို့ ဟောပေမယ့်လို့ မယုံဘူး။
စဉ်းစားဖို့ မကောင်းလား။ လေ့လာ။

ဝိဇ္ဇာ မျက်လုံးကို တပ်ကြည့်လိုက်နော်...။
ဥပမာ... ပုံက မတူ စနဲတူပေါ့။ အသက် လေးဆယ်လောက် ရောက်လာ။
၃၈/၄ဝကြား မျက်စိ အမှုန်က စပြီ။
ဟိုတုန်းက ဒီတိုင်း ကြည့်လို့ ရတယ်။ စာလေ...။

နောက်တော့ ကြည့်လို့ မရပြီ။
စာလုံးတွေ မကွဲတော့ဘူး။
မှုန် မွှားမွှား နေတယ်။ မနေဘူးလား။
နေတယ်။ အဲဒီ မှုန်ဝါးဝါးနေတော့ ဘာလို့ ညာလို့ မသိဘူးပေါ့။
သူနဲ့ ဆိုက်ကိုက်တဲ့ မျက်မှန်လေးကို တပ်ကြည့်လိုက်။
ထင်ထင်ရှားရှား မမြင်ရဘူးလား။

အခုလည်း ဝိဇ္ဇာမျက်မှန် တပ်ကြည့်တော့... အဆင်းပဲ မြင်တာကွဲ့။
စိစစ်ဖို့ မကောင်းလား။
အဝိဇ္ဇာမျက်လုံး တပ်ကြည့်တော့ မြင်ရပါမလား။
လေ့လာကြ။
မှုန်မှုန်ဝါးဝါး ဖြစ်ပြီးတော့မှ မရှိတာ အရှိလုပ် မြင်တာ။
အဲဒါ နှလုံးသွင်းမှားတယ်လို့ ဟော မဟော။
အဝိဇ္ဇာကွဲ့။ စဉ်းစားဖို့ မကောင်းလား။

ဝိဇ္ဇာမျက်မှန် တပ်ကြည့်တော့ ထင်ထင်ရှားရှား မမြင်ရဘူးလား။
အဲလို လေ့လာဖို့ လိုတယ်။

ကျေးဇူးတော်ရှင် မုံလယ်ဆရာတော်ဘုရားကြီး။
အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တ သံဝရ။

https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။

No comments:

Post a Comment