
၁။ ကာမစ္ဆန္ဒနိဝရဏရှုနည်း
လူတွေဟာ ကာမဂုဏ်ခံစားချင်ကြလို့ ချမ်းသာဖို့တွေချည်း လုပ်နေကြလေတော့……ဒီ( ကာမရာဂ) တဏှာရမ္မက်တွေဟာ ဆားငန်ရေ သောက်သလို့ သောက်လေသောက်လေ အငတ်မပြေဆိုသလို့ နန္ဒိရာဂတွေ တဏှာရာဂတွေဟာအမြဲတမ်းဖြစ်နေကြတယ်၊ ဒါတွေနဲ့ဘဲ လုံးပန်းနေကြတယ် ---ကာမစ္ဆန္ဒလို့ခေါ်တဲ့ ငါးပါးအာရုံ….ကာမဂုဏ်တွေ စွဲကပ်ညှိတော့ ကာမတဏှာ၊ နှစ်သက်တယ်၊ လိုချင်တယ်၊ တပ်မက်တဲ့ လောဘစိတ်တွေဟာ မိမိသန္တာန်မှာဖြစ်ပေါ်နေကြတယ်၊
ဒီလို ကာမောဂတွေဖြစ်ပေါ်နေတာဟာ မဂ်တား၊ ဖိုလ်တား၊ စိတ်(ကာမစ္ဆန္ဒနိဝရဏ)တွေဖြစ်ပေါ်နေတာပေါ့၊ ။
ဒီကာမစ္ဆန္ဒနိဝရဏစိတ်နေစိတ်ထားမျိုးနဲ့ဆိုရင် မဂ်တရား၊”“ဖိုလ်တရား၊ နိဗ္ဗာန်တရားကို ဘယ်တော့မှ မရနိုင်တော့ဘူး၊ဘာကြောင့်လဲဆိုရင် ကာမဂုဏ်ခံစားချင်တဲ့ ငါးပါးအာရုံ ကပ်ငြိတဲ့ တဏှာ လောဘစိတ်တွေ တပ်မက်တဲ့ကာမကိုအလိုရှိတဲ့ နိဝရဏတွေက ဖုံးလွမ်းနေလို့ပဲ… ဒါကြောင့်မြတ်စွာဘုရားက
ဓမ္မနုပဿနာကို အားထုတ်မယ်ဆိုရင် မိမိရဲ့ အဇ္ဈတ္တ အတွင်းသန္တာန်မှာရှိတဲ့ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်၊ စတဲ့ ဒွါရ (၆)ပေါက်မှာ မြင်လို့ပဲဖြစ်စေ၊ ကြားလိုပဲဖြစ်စေ၊ နံလို့ပဲဖြစ်စေ၊ စားမိလို့ပဲဖြစ်စေ၊ ထိတွေ့မိလို့ပဲ ဖြစ်စေ၊ ကြံတွေးမိလို့ပဲဖြစ်စေ၊ အဲဒီလိုစိတ် ၆ ပါး ဖြစ်နေတဲ့နေရာမှာ သာယာမှု၊ နှစ်သက်မှု၊ လိုချင်မှု၊ တပ်မက်မှုမျိုး ဖြစ်တဲ့ ကာမဂုဏ်၌ ကပ်ညှိသော ကာမစ္ဆန္ဒ ရှိလာရင်ရှိတယ် ဖြစ်တယ်လို့ သိလိုက်ပါတဲ့၊…။ ဒီလိုသိလိုက်လို့မရှိတော့လို့ ပျက်သွားရင် ပျက်တယ်လို့ပဲ သိလိုက်ပါတဲ့…။
၂။ ဗျာပါဒနိဝရဏ ရှုနည်း
မဂ်တရား၊ ဖိုလ်တရား၊ နိဗ္ဗာန်တရားကို တားမြစ်ပိတ်ဖုံးတတ်တဲ့ ဒုတိယ(နိဝရဏ) တရားကတော့ (ဗျာပါဒနိဝရဏ) လို့ခေါ်တယ် (ဗျာပါဒ) ဆိုတာစိတ်ဆိုးမှု၊ စိတ်ပျက်မှု၊ ညှင်းဆဲသတ်ဖြတ်လိုမှု၊ ပျက်စီးစေလိုမှု၊ စိတ်ဆိုး၊ စိတ်သွမ်းတွေ အားလုံးဟာ (ဗျာပါဒ)တွေချည်းပဲ ၊ ဒီလို (ဗျာပါဒ) စိတ်ဆိုး စိတ်သွမ်းတွေ မိမိရဲ့အတွင်း”“သန္တာန်မှာရှိလာရင်၊ ဖြစ်လာရင်”” ရှိတယ်”” “”ဖြစ်တယ်”” လို့ သိလိုက်ပါ။ ဒီလိုသိလိုက်လို့မရှိတော့လို့ ပျက်သွားရင် “”ပျက်တယ်”” လို့သိလိုက်ပါတဲ့ ။
တဏှာ၊ ဥပါဒါန်၊ ကံ ဖြစ်တာက (သမုဒယသစ္စာ)၊ ကာမ,ရာဂ
,ဒေါသတွေဖြစ်နေတဲ့စိတ်က (ဒုက္ခသစ္စာ)၊ ကာမ,ဒေါသ,မောဟတွေ ကင်းနေရင် ဒုက္ခမရှိတဲ့ (နိရောဓသစ္စာ)၊ ဒီလိုတရားအားလျော်စွာ သိနေတဲ့စိတ်က မဂ္ဂသစ္စာ လို့ခေါ်တယ်၊ ကာမ,ရာဂ,ဒေါသ, မောဟတွေမရှိပဲ ငြိမ်းငြိမ်းကြီးနေ တော့တာပေါ့၊ ကိုယ့်သန္တာန်မှာ (ကာမရာဂ) တွေ ဘယ်လောက်ကျန်တယ်၊ မကျန်ဘူးဆိုတာ ကိုယ့်ဟာကိုယ်ကို သိတာပေါ့။ ။
ကဗျာ နှစ်တွေကြွင်းကျန်လေ မှတ်လေ သကဒါဂါမ်
ကဗျာ နှစ်တွေအကုန်ချွေ မှတ်လေ အနာဂါမ် တဲ့
က=ကာမိစ္ဆန္ဒနိဝရဏ ၊ ဗျာ= ဗျာပါဒနိဝရဏ ပဲ….။
၃။ ထိနမိဒ္ဓနိဝရဏ ရှုနည်း
မဂ်တရား၊ ဖိုလ်တရား၊ နိဗ္ဗာန်တရားတော်မြတ်ကို တားဆီးပိတ်ပင်တဲ့တတိယ (နိဝရဏ) ကတော့ (ထိနမိန္ဒနိဝရဏ)တဲ့ ၊ (ထိနမိန္ဒနိဝရဏ) ဆိုတာ (ထိန) -က စိတ်သဘောလေးမခန့်တဲ့သဘော၊ စိတ်မခန့် ကျမ်းတယ်လို့ပြောကြတယ်၊ စိတ်နေလို့မကောင်း”“တာ၊ ဘာအလုပ်မှ မလုပ်ချင်အောင်၊ အားမထုတ်ချင်အောင် စိတ်ရောကိုယ်ပါ၊ ထုံထိုင်းနေတဲ့သဘော ထိနက စိတ်မထက်သန်တဲ့သဘောပါပဲ ။ မိဒ္ဓဆိုတာက ထိုင်းမှိုင်းနေတဲ့သဘော၊ လုံးလ၀ိရိယကင်းပြီး ပျင်းရိနေတဲ့သဘော၊ အိပ်ပျော်ခါနီး၊ တရားနာရင်း ပျင်းရိထိုင်းမှိုင်းနေတဲ့သဘောက ထင်ရှားတယ်၊ အိပ်ချင်တိုင်း (ထိနမိဒ္ဓ) မဟုတ်သေးဘူး၊ မိဒ္ဓက (စေတသိက်) မထက်သန်တဲ့ သဘောဆိုတော့ ထိနမိဒ္ဓ ကစိတ်၊ စေတသိက်တို့ ထက်ထက်သန်သန်မရှိတဲ့ သဘောဖြစ်တယ်….။
မိမိရဲ့အတွင်းသန္တာန်မှာ ထိုင်းမှိုင်းပျင်းရိခြင်း၊ ငိုက်မျဉ်းခြင်းရှိလာရင် ထိနမိန္ဓ ရှိတယ် ဖြစ်တယ်”” လို့သိပေးပါ။ ဒီလိုသိလိုက်လို့ မရှိတော့လို့ ပျက်သွားရင် (ပျက်တယ်) လို့သိလိုက်ပါ ။
၎။ ဥဒ္ဓစ္စကုက္ကုစ္စနိဝရဏ ရှုနည်း
မဂ်တရား၊ ဖိုလ်တရား၊ နိဗ္ဗာန်တရားကို တားမြစ်ပိတ်ပင်တဲ့ စတုတ္တ နိဝရဏကတော့ (ဥဒ္ဓစ္စကုက္ကုစ္စနိဝရဏ)လို့ခေါ်တယ်….။ ဥဒ္ဓစ္စဆိုတာ
ပျံ့လွင်တဲ့စိတ်ဖြစ်နေတာကိုပြောတာ။ စိတ်မတည်ငြိမ်ပဲ၊ စိတ်ရောက်ယက်ခတ်နေတာ အာရုံတစ်မျိုးမျိုးပေါ်မှာ” “တည်တည်ငြိမ်ငြိမ် မရှိပဲနဲ့ ဟိုလွင့်၊ ဒီလွင့်၊ ဟိုရောက်၊ ဒီရောက်နဲ့ စိတ်ပျံ့လွင်နေတာကို ဥဒ္ဓစ္စ လို့ခေါ်တယ်… ။ ကုက္ကုစ္စသဘောကတော့ နောင်တရလို့ တဖန်ပူပန်ခြင်း သဘောပဲ၊ အကုသိုလ်လုပ်ပြီးကာမှ ငါလုပ်မိတာမှားလေခြင်းလို့နောင်တရပြီးပူပန်နေတာ၊ သူများ ကုသိုလ် ပြုတာ၊ ကောင်းတာလုပ်တာ
မြင်ရမှ၊ သိရမှ၊ ငါမလုပ်မိတာမှားလေခြင်းလို့ နောင်တရပြီး ပူပန်နေတဲ့ ကုက္ကုစ္စ သဘော(၂) မျိုးကိုခေါ်တယ်။
ဒါကြောင့် မိမိရဲ့သန္တာန်မှာ ဒီလိုဥဒ္ဓစ္စ စိတ်တွေပျံ့လွင့်နေရင် စိတ်ပျံ့လွင့်
နေတယ်၊ (ဖြစ်တယ်) လို့သိလိုက်ပါ၊ ဒီလိုသိလိုက်လို့ ပျံ့လွင့်စိတ်မရှိတော့ပဲ ပျက်သွားရင် ( ပျက်တယ်) လို့သိလိုက်ပါ၊ မိမိရဲ့အတွင်းသန္တာန်မှာနောင်တတစ်ဖန်ရနေတဲ့ (ကုက္ကုစ္စ) ဖြစ်နေရင် နောင်တရပူပန်နေတာ
ဖြစ်နေရင် ( ဖြစ်တယ်) လို့သိလိုက်ပါ၊ ဒီလိုသိလိုက်လို့ နောင်တရတဲ့ ပူပန်စိတ်မရှိတော့ပဲ ပျက်သွားရင် ပျက်တယ် လို့သိလိုက်ပါ ။
၅။ ၀ီစိကိစ္ဆာနိဝရဏ ရှုနည်း
မဂ်တရား၊ ဖိုလ်တရား၊ နိဗ္ဗာန်တရားကို တားမြစ်ပိတ်ပင်နေတဲ့ ပဉ္စမ (နိဝရဏ) ကတော့ (၀ီစိကိစ္ဆာနိဝရဏ) လို့ခေါ်တယ်။ “၀ီစိကိစ္ဆာဆိုတာ သို့လော၊ သို့လောလို့တွေးတောရွံရှာ၊ သင်္ကာမကင်း၊ ယုံမှားသံသယဖြစ်ခြင်း လက္ခဏာဖြစ်တာကိုဆိုတယ်၊ မိမိရဲ့အတွင်းသန္တာန်မှာ ဒီလိုတွေးတောတဲ့ ယုံမှားသံသယ ဖြစ်လာရင် ဖြစ်တယ် လို့သိလိုက်ပါ၊ ဒီလို သိလိုက်လို့မရှိတော့ပဲ ပျက်သွားရင် ပျက်တယ်လို့သိလိုက်ပါ၊
မြတ်စွာဘုရားက မဟာသတိပဋ္ဌာနသုတ် ဓမ္မနုပဿနာ နိဝရဏ ပိုင်းမှာဟောထားတာကတော့
သမုဒယ ဓမ္မာနုပဿီ ၀ါ ဓမ္မေသု ၀ိဟာရတိ။
ဝယဓမ္မာ နုပဿီဝါ ဓမ္မေသု ၀ိဟာရတိ၊
သမုဒယ ၀ယဓမ္မာ နုပဿီဝါ ဓမ္မေသု ၀ိဟရတိ။ လို့ဒီလိုဟောထားပါတယ် ။
မဂ်ဖိုလ်ကိုတားဆီးပိတ်ပင်တတ်တဲ့ ဓမ္မေသု နိဝရဏတရားတို့မှာ သမုဒယ ဓမ္မာ နုပဿီဝါ ဖြစ်သည့်သဘော ကိုလည်းရှု၊ ၀ယဓမ္မာ နုပဿီဝါ = ပျက်သည့်သဘောကိုလည်း အဖန်တလဲလဲ ရှုပြီးနေပါလို့ ဟောပြထား ပါတယ်၊ …နိဝရဏ ဆိုတာ မသိလို့တားမြစ်ပိတ်ပင်တာကိုခေါ်တယ်၊ နိဝရဏက နာမည်အခေါ်အဝေါ်၊ အဓိပ္ပါယ်က နိဗ္ဗာန်ကို ပိတ်ပင်တာ၊ တားဆီးနေတာ”
” မိမိသန္တာနမှာ တဏှာလောဘ ဖြစ်လာရင်၊ မိန်းမ သို့မဟုတ် ယောင်္ကျားနဲ့ ပေါင်းသင်းချင်တဲ့ ကာမဆန္ဒတွေ ဖြစ်လာရင် ဤဟာ ကာမစ္ဆန္ဒနိဝရဏ လို့ ဒီလိုသိလိုက်ပါ၊ ဒီလိုသိလိုက်လို့ ပျက်သွားရင် (ပျက်) တယ်လို့ သိလိုက်ပါ၊ မိမိသန္တာန်မှာ စိတ်ဆိုး စိတ်သွမ်း (ဒေါသ) ဖြစ်မယ်ဆိုရင် ဤဟာ ဗျာပါဒနိဝရဏလို့သိပေးပါ၊ သိလိုက်လို့ ပျက်သွားရင် ပျက်တယ်လို့သိလိုက်ပါ၊ မိမိသန္တာန်မှာ မလုပ်ချင် မကိုင်ချင်နဲ့ စိတ် ရောကိုယ်ပါ ထုံထိုင်းနေမှုဖြစ်နေရင် ဤဟာ ထိနမိဒ္ဓနိဝရဏလို့ သိလိုက်ပါ။ သိလိုက်လို့ပျက်သွားရင် (ပျက်)တယ်လို့ သိလိုက်ပါ။
မိမိသန္တာန်မှာ စိတ်တွေ ပျံ့လွင်ပြီး ပူပန်နေမယ်ဆိုရင် ဤဟာ ဥဒ္ဓစ္စက္ကုစ္စ နိဝရဏလို့ ဒီလိုသိလိုက်ပါ။ သိလိုက်လို့ ပျက်သွားရင် (ပျက်)တယ်လို့ သိလိုက်ပါ၊ မိမိသန္တာန်မှာ သင်္ကာမကင်း ယုံမှားခြင်း လက္ခဏာတွေဖြစ်နေမယ်ဆိုရင် ဤဟာ ၀ီစိကိစ္ဆာနိဝရဏလို့ သိလိုက်ပါ၊ သိလိုက်လို့ (ပျက်)သွားရင် (ပျက်) တယ်လို့ သိလိုက်ပါ၊ မသိရင် (မောဟ)၀င်သွားမယ်၊ (မောဟ) မ၀င်နိုင်အောင် (ဖြစ်) ရင် (ဖြစ်) တာသိ၊ မဖြစ်တော့လို့ ပျက်သွားရင် (ပျက်)တဲ့ (အနိစ္စ) ကိုသိပေးပေါ့၊ …မိမိသန္တာန်မှာ (ဓမ္မသဘောတရား) တွေဖြစ်တဲ့ (နိဝရဏ) တွေ (ဖြစ်ပျက်) နေပုံကိုကြည့်ပြီး သိသိပေးနေပါ၊ သိပေးတဲ့နေရာမှာ”
“သမ္မသင်္ကပ္ပ… ဖြစ်အောင် (နိဝရဏ) တွေသိအောင် ကြံပေးရတယ်၊ မှတ်မိနေအောင် ၀သီဘော်ပါရအောင် အစပထမမှာတော့-“” ဖြစ်သမျှကို စိတ်ထဲကဆို အပိုအလိုမထား”” ပဲ၊ ကျင့်ယူရတယ်၊ အကြံအစည်လုပ်ပေးရတယ်။“” ဖြစ်သမျှကို စိတ်ထဲကဆို “” ဆိုတာ ဒီနေရာမှာ ( စိတ်)ဆိုတာ (ဥာဏ်) နဲ့ယှဉ်တဲ့ (စိတ်) ကိုပြောတာ (ဥာဏသမ္ပယုတ်) ပေါ့။ ဖြစ်သမျှကိုစိတ်ထဲဆိုရင် ဟိုဟာ၊ ဒီဟာတွေ မရောက်တော့ဘူး၊ အပိုအလိုတွေမပါတော့ဘူး၊ အပိုအလိုတွေမရှိတော့ (ငြိမ်း) တော့တာပေါ့၊ အဲဒီလိုကျင့်ရင် (အဘိညာ) လည်းဖြစ်တယ်၊ (ပရိညာ)လည်းဖြစ်တယ်၊ ဒီ (နိဝရဏ) တွေဖြစ်လာရင် စိတ်ထဲမှာဖြစ်တာမို့ စိတ်ထဲကဆိုလိုက်ပြီး (ပျက်) တာကိုသိပေးရတယ်။ (နိဝရဏ) ကိုရှုပုံက (၀ိရိယ) လေးနဲ့(သတိ) လေးထားပြီး (နိဝရဏ) ကို (ဥာဏ်) နဲ့ပယ်ရတာမျိုးပဲ ဒကာကြီး (နိဝရဏ) ရှုရင် (သင်္ခါရက္ခန္ဓာ) ကို သာကြည့် (တဏှာ) လောဘဖြစ်တာ (ဒေါသ) ဖြစ်တာ၊ စိတ်တိုတာတို့ဆိုတာ (သင်္ခါရ) ပဲ၊ (တဏှာ)ဆိုတာ (သင်္ခါရ) စေတသိက်၊ (သင်္ခါရ) ဖြစ်မှ (တဏှာ) ဖြစ်တာ၊ (သင်္ခါရ) မဖြစ်ရင် (တဏှာ) မဖြစ်ဘူး၊ ဒါကြောင့် (သင်္ခါရ) ကို ရှုခြင်းသည်လည်း (ဓမ္မာနုပဿနာ) ဖြစ်တော့တယ်။
“ကာမစ္ဆန္ဒဖြစ်တဲ့ (ရာဂ) (ဗျာပါဒ) ဖြစ်တဲ့ (ဒေါသ) ဆိုတဲ့ (ရာဂ၊ ဒေါသ) တို့ဟာ (သင်္ခါရ) ဖြစ်တော့၊ (ရာဂဒေါသ) ကုန်ရာသည် (အင်္သခတ) (နိဗ္ဗာန်) ဖြစ်တော့တယ်။ မိမိသန္တာန်မှာ ကြောင့်ကြတာ၊ တောင့်တတာကိုလည်း (နိဝရဏ) လို့ခေါ်တယ်၊ ကြောင့်ကြခြင်းကင်းနေတာ၊ တောင့်တခြင်းကင်းနေတော့ မိမိသန္တာန်မှာ (ရာဂ၊ ဒေါသ၊ မောဟ) တွေကင်းနေတော့ (အာသ၀) တွေကင်းနေတယ်လို့ခေါ်တယ်၊ နောင်ကိုဘယ်တော့မှ ဒီအာသ၀တွေ (ရာဂ၊ ဒေါသ၊ မောဟ)တွေ မဖြစ်တော့ ဘူးလို့ သိနေရင် (ငြိမ်း) နေပြီပေါ့။ မဖြစ်တာ ကုန်ဆုံးသွားရင် (နိဗ္ဗာန်) ပဲ့ပေါ့။
(ရာဂ၊ ဒေါသ၊) ဖြစ်ရင် (ပညတ်) တွေပါလာရတယ်၊ (ရူပါရုံရုပ်) အပေါ်မှာ ကာမရာဂတွေ ဖြစ်ရင် (ကာမဆန္ဒနိဝရဏ) လို့ရှုရတယ်၊ ကာမန္ဒ၊ ဗျာပါဒ၊ ထိနမိဒ္ဓ၊ ဥဒ္ဓစ္စကုက္ကုစ္စ၊ ၀ီစိ ကိစ္ဆာစတဲ့ (နိဝရဏ ၅ပါး) ကို ဤဟာ (သင်္ခါရ) လို့လည်း ရှုလို့ရတယ်၊ ဒါဟာ (သင်္ခါရ) တရားပဲပေါ့…….အခုဟောခဲ့တာတွေက (ဓမ္မာနုပဿနာ) မှာ အစဦးဆုံးဟောခဲ့တဲ့ မဂ်တရားဖိုလ်တရား နိဗ္ဗာန်တရားကို တားဆီးပိတ်ပင်နေတဲ့ (နိဝရဏတရား) တွေပါပဲ၊ မဂ်တား ဖိုလ်တားတဲ့ (နိဝရဏ) တရားတွေကို ဥာဏ်နဲ့သိပြီး ပါယ်ပြစ်နေတာပဲ၊ ရေကန်ထဲရောက်လို့ ရေကြည်သောက်မယ်ဆိုရင် ရေကန်ထဲက ဒိုက်တွေ”“မှော်တွေ။ သစ်ရွက် တွေကို
ဖယ်ပစ်ပြီးမှ ရေကြည်သောက်ရသလိုပဲ ရေကန်နဲ့တူတဲ့ စိတ်(ခန္ဓာ) ၀ိညာက္ခန္ဒာမှာလည်း မဂ်တား ဖိုလ်တားတဲ့ ဒီ (နိဝရဏ ၅မျိုး) နဲ့တူတဲ့ အမှိုက်သရိုက်တွေက ရှိနေလေတော့ (သန္တိသုခ) ဖြစ်တဲ့ (ရေကြည်) မဂ်ရေစင်၊ (နိဗ္ဗာန်) ရေစင် (နိဗ္ဗာန်)ကို မျက်မှောက်ပြုလိုကြတယ်ဆိုရင် အမှိုက် သရိုက်တွေဖြစ်တဲ့ ဒိုက်တွေ မှော်တွေ၊ သစ်ရွက် တွေနဲ့တူတဲ့ (နိဝရဏ) သဘောတွေ မရှိမှ (နိဗ္ဗာန်) ကိုရနိုင်တယ်၊ ဒီလို( နိဝရဏ) တွေ ဖယ်ရှား ရင်းနဲ့ ပျက်ပျက်သွားတဲ့ (ဥဒယဗ္ဗယ ဥာဏ်) မြင်ပြီး ကိုယ်သန္တာန်မှာ (ရာဂ၊ ဒေါသ၊ မောဟ) တွေကင်းပြီးနေရင် (ရာဂ၊ ဒေါသ၊ မောဟ) ကင်းရာ (နိဗ္ဗာန်) ကြီးကို မျက်မှောက်ပြုနိုင်တော့တယ်၊ ဒကာကြီး…. (ဓမ္မာနုပဿနာ)က
အလွန်ကျယ်ဝန်းပါတယ်၊ ဓမ္မာနုပဿနာက (၅) ပိုင်းရှိပါတယ်။ နိဝရဏပဗ္ဗအပိုင်းအနေနဲ့ (သင်္ခ ရက္ခန္ဓာစေတသိက်)ကို ရှုရတယ်လို့လည်း ခေါ်နိုင်တယ် ။
https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။
No comments:
Post a Comment