Saturday, January 21, 2017

အရေးကြီးတဲ့ ဒိဋ္ဌိသုံးမျိုး



ဒိဋ္ဌသည် သမ္မာဒိဋ္ဌိနှင့် မိစ္ဆာဒိဋ္ဌိဟူ၍
(၂)မျိုးရှိ၏I [သမ္မာ=မှန်ကန်သောI ဒိဋ္ဌိ=အမြင်I
မိစ္ဆာ=မှားယွင်းသောI ဒိဋ္ဌိ=အမြင်] ထို၂-မျိုးတွင်
ဤနေရာ၌ မိစ္ဆာဒိဋ္ဌိကို ဖော်ပြပါမည်။

မိစ္ဆာဒိဋ္ဌိမမျိုးအစား (၆၂)ပါး ရှိ၏I
ယင်း၆၂-ပါးတို့ကို ချုံးလိုက်လျှင် သဿတဒိဋ္ဌိ
ဥစ္ဆေဒဒိဋ္ဌိ သက္ကာယဒိဋ္ဌိI ဤ(၃)မျိုးတွင်
အကုန် အကျုံးဝင်ကြသည်I[၆၂-ပါးကို
နောက်ဆက်တွဲတွင် လေ့လာပါI ဤနေရ၌
၃-မျိုးသာလျှင် ဖော်ပြပါမည်။]

၁။ သဿတဒိဋ္ဌိ=ခိုင်သည် မြဲသည်ဟု
ယူဆသော ဒိဋ္ဌိ။

၂။ ဥစ္ဆေဒဒိဋ္ဌိ=ပျက်စီးပြီးလျှင် လုံးဝ
ပြတ်သွားသည်ဟု ယုဆသော ဒိဋ္ဌိ။

၃။ သက္ကာယဒိဋ္ဌိ=အစစ်အမှန် ရှိသော
သက္ကာယအပေါ် အစစ်အမှန်မရှိသော
ပညတ်များ တင်စား၍ ထင်မှားနေ
သော ဒိဋ္ဌိ။

(မိုးကုတ်ဆရာတော်ဘုရားကြီး)
တစ်ဘဝ သာသနာ
အရှင် ဃောသိတ
………………………………………………

https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။

No comments:

Post a Comment