Monday, January 23, 2017

“ဆွေမျိုးအစစ်”



“ကုသိုလ်ဆွေမျိုး နေ့စဉ်တိုး အကျိုးများလှသည်။
ကုသိုလ်ဆွေမျိုး နေ့စဉ်တိုး အားကိုးထိုက်လှသည်”
ဆိုတဲ့ အတိုင်း ခုလိုယောဂီတို့ နေ့စဉ်နေ့တိုင်း(၉)ပါး
သီလတွေဆောက်တည် ၊
တရားတော်တွေ ရှုမှတ်ပွားများနေတော့
သံသရာခရီးအတွက် အားကိုးထိုက်တဲ့ အကျိုးများပြီး
ကိုယ်နောက်ပါမည့် ကုသိုလ်ဆွေမျိုး
အစစ်အမှန်တွေ နေ့တိုင်းတိုးနေတာပေါ့။

ဒီကုသိုလ်တွေကမှ အားကိုးထိုက်တာ။
ဘ၀တလျှောက်လုံး မိမိကိုယ် ကယ်တင်သွားမှာ။

လောကီ ဆွေမျိုးတွေက တစ်ဘ၀တောင် မကယ်နိုင်ဘူး။
ကယ်ဖို့ နေနေသာသာ၊ မိဘအမွေကိစ္စ၊
သားသမီးတွေကိစ္စ၊ စီးပွားရေးကိစ္စတွေနှင့်
တစ်ယောက်နှင့် တစ်ယောက် မတည့်ကြဘူး။

ဒါကြောင့် လောကီဆွေမျိုးတွေကို သိပ်သံယောဇဉ်
အစွဲအလန်းမထားကြနှင့်။
ကိုယ်နောက်ပါမည့် ကိုယ့်ကိုကယ်တင်မည့်
လောကုတ္တရာ ကုသိုလ်ဆွေမျိုးတွေကိုဘဲ
ကြိုးစားအားထုတ်ကြ။

【 မောင်းထောင်မြေဇင်းတောရ ဆရာတော်ဘုရားကြီး】

https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။

No comments:

Post a Comment