
ဆိတ်တကောင်ကို လည်လှီးပြီးသတ်ခဲ့မိလို့ 
ဆိတ်အမွေးနဲ့ညီမျှအောင် လည်လှီးပြီးအသတ်
ခံရမှာဖြစ်တဲ့ ဆိတ်တကောင်ဟာ သူ့ ရဲ့ နောက်ဆုံးပေးဆပ်ရမဲ့ဘဝမှာ သူ့ ကိုသတ်မဲ့သူကို
အကျိုးအကြောင်းပြောပြတဲ့အတွက် သတ်မဲ့သူက
မသတ်ပဲ လွှတ်ပေးလိုက်တယ်
အဲဒီလို လွှတ်လိုက်လို့  လွတ်သွားသလားဆိုတော့
မလွတ်ပါဘူး
တောင်ပို့ တခုမှာ အစာစားနေတုန်း တောင်ပို့ ကို
မိုးကြိုးပစ်လိုက်လို့  တောင်ပို့ ကကျောက်ချပ်ကွာပြီး ခေါင်းမော့စားနေတဲ့
ဆိတ်ရဲ့လည်ပင်ကို ထိကာ လည်ပင်းပြတ်ထွက်ပြီး
သေပွဲဝင်ခဲ့ရတယ်
ဖြစ်ဖို့ အကြောင်းပါလာတဲ့သူတွေကို ကံကြမ္မာက
ချမ်းသာမပေးဘူး ဒါကိုပြောချင်တာပါ
နာဂစ်ဖြစ်တုန်းက ဘိုကလေးဘက်မှာ သင်္ဘော
တစင်းက လူ နှစ်ရာကျော်ကယ်လာခဲ့တယ်
အဲဒီသင်္ဘောဟာ လမ်းမှာမှောက်ပြီး ကယ်တင်လာတဲ့သူတွေဟာ သေပွဲဝင်ခဲ့ကြပြန်တယ် ကံမုန်းရင် ရှောင်လို့ မလွတ်ပါဘူး
အခု ကုန်းမြင့်တောင်တန်းဒေသကလူတွေ
ရေနစ်သေတာကလည်း အံ့သြစရာပါပဲ
တခါဖြစ်ပြီးလို့  အခု နောင်တကြိမ်ထပ်ဖြစ်ပြန်ပြီတဲ့
အဲဒီလိုဖြစ်ဖို့ ကံတွေပါလာလို့  မင်းဆိုးမင်းညစ်
တွေနဲ့ တွေ့ မယ် အဲဒီကံဖြစ်ဖို့  တွန်းအားဖြစ်အောင် မိမိရဲ့ကံကြမ္မာက ဖန်တီး
ပေးလိုက်တာပါပဲ
ဘယ်သူမပြု မိမိမှု တဲ့
ကျီးကန်းဟာ ကောင်းကင်မှာပျံနေရင်းနဲ့ 
မီးလောင်သေခဲ့ရတယ်
ဒါတွေဟာ
ကံအကျိုးပေးးတွေပါပဲ
ဓမ္မမိတ်ဆွေများ
အင်မတန်ကြောက်စရာကောင်းတဲ့
အချိန်အခါကို ရောက်ရှိနေပါတယ်
အပြောအဆို
အသွားအလာ
အနေအထိုင်
ဂရုစိုက်ကြပါ
တသံသရာလုံးက မကောင်းမှု့တွေ
အကျိုးပေးတဲ့ အချိန်အခါ ဖြစ်နေပါတယ်
ဘုရားတရားကို
စွမ်းနိုင်သမျှ လုပ်ကြရင်း
ကံမုန်းအောင် မပြုလုပ်ကြပါနဲ့ လို့ 
စေတနာရှေ့ထား၍ ပြောလိုက်ပါရစေ
https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။
No comments:
Post a Comment