Wednesday, January 25, 2017

မမိုက်သောလူ



အဝိဇ္ဇာညွံ့ကြီး နှစ်ဆင်းနေတာ

တဏှာစေးကကပ်၍ပါလာ

လောဘမီးတိုက် ကြိုက်မကြိုက်မှန်စွာ

လူတွေများပြုညားကံအမှုပါ ။

ပြု တဲ့ကံတိုင်းကုသိုလ်မပါ

စုမိတာကအကုသိုလ်ဖြာ

အဆုံးသပ်ဘဝ ရောက်ရပယ်လေးရွာ။

လူ့ဘဝရခြင်း ခက်ညှင်းဒုလ္လဘာ

ရပြန်တော့လည်း သုံးနည်းမှန်စွာ

လူမှတဆင့် အဆက့်မြင့်အောင်သာ

ကြံလုပ်မှ လူဟုခေါ်သင့်တာ

ဆင့်ဆင့်မြင့်တန်း မဂ္ဂင်လမ်းဟာ

ဘုရားပွင့်ပြီးဟောညွန်ပြလာ

လိုက်ကြတော့မမိုက်လူဖြစ်မှာ။

No comments:

Post a Comment