
မိမိစိတ်ကို မိမိရှုတာဟာ
စိတ္တာနုပဿနာပါပဲ ။
သတိပဋ္ဌာန်ထဲကမှ လွယ်ကူတဲ့
ရှုနည်း တစ်ခုဖြစ်ပါတယ် ။
ဘယ်စိတ်တွေကို ရှုမည်နည်း •••
အရှုခံစိတ် ၁၃ စိတ်ကို ရှုရမှာပါ
ဘာတွေလည်းဆိုရင်
အပြင်အာရုံကြမ်းတွေနဲ့ တိုက်လို့
မြင်ကြားနံစါးတွေ့တွေးတောဆိုတဲ့
စိတ် ၆ စိတ်ရယ်
အတွင်းမနောနဲ့တိုက်လို့
လောဘဒေါသမောဟအလောဘအဒေါသ
ဆိုတဲ့ အတွင်းစိတ် ၅ စိတ်ရယ်
ရှုစိတ်ရှိုက်စိတ် အိမ်သည်နှစ်စိတ်ရယ်
ပေါင်း ၁၃ စိတ်ကို ရှုရမှာပါ
အရှုခံတရားလို့လည်း ခေါ်ပါတယ် ။
ဘာနဲ့ ရှုမည်နည်း ••••
အရှုခံစိတ် ထဲမှာ မောဟစိတ်ပါပါတယ်
သှု့ဆန့်ကျင်ဖက်
အမောဟစိတ်ဟာ ရှုဉာဏ်ပါ
သူနဲ့ ရှုရမှာပါ ။
ဘယ်လို ရှုမည်နည်း ••••
ပင့်ကူအိမ် မြင်ဘူးကြမှာပါ
ပင့်ကူအိမ်က ပင့်ကူဟာ
အလယ်ဗဟိုချက်ကနေ
သားကောင်ဖြစ်တဲ့
ယင်ကောင် ပိုးဖလံတို့ကို
တည်ငြိမ်စွာ စေါင့်နေပါတယ်
ထက်အောက်ဘေးဝဲယာ ကပ်ငြိရာ
သားကောင်ကို ဖမ်းယူစါးသောက်အပြီး
အလယ်ဗဟိုပဲ ပြန်ထိုင်
နောက်သားကောင်ကို ပြန်စေါင့်ပါတယ်
စိတ္တာနုပဿနာမှာလည်း ထိုနည်းတူစွာ
ဝင်သက်ထွက်သက်စိတ်နှစ်ပါးကို
ပင့်ကူအလယ်ထိုင်သလို ရှုမြဲ
ရှုနေလိုက်ပါ ။
အဲဒီကမှတဆင့် ဟိုက အောင့်သလိုလို
ဒီက ယားသလိုလိုဆိုတဲ့ ကာယဝိညာဏ်စိတ်လာရင်
ပင့်ကူကြီးအလယ်ဗဟိုက ခွာပြီး
သားကောင်ရှိရာ သွားဖမ်းသလို
ဝင်တာရှုထွက်တာရှုကို ဖြုတ်လိုက်ပါ
ကြားဖြတ်ပေါ်လာတဲ့စိတ်ကို ရှုပေးပါ ။
ကြားဖြတ်စိတ် မပေါ်ပြန်ရင်
အစါစါးပြီးတဲ့ပင့်ကူ အလယ်ပြန်ထိုင်သလို
မူလ ဝင်တာသိ ထွက်တာသိကို ပြန်ရှုနေပါ ။
အားကြီးတဲ့ဝိပဿနာဆိုတာ ••••
ပင့်ကူကြီးဟာ
ကပ်ငြိတဲ့သားကောင်ဖမ်းလိုက်
အလယ်ဗဟိုချက်က သားကောင်ချောင်းလိုက်နဲ့
မအားလပ်သလို
ပင့်ကူနဲ့တူတဲ့ အမောဟရှုဉာဏ်ကလည်း
ဝင်သက်ထွက်သက် ရှုလိုက်
ကျန်တဲ့ ၁၁ စိတ်ထဲက ပေါ်ရာစိတ်ကို ရှုလိုက်
ဘာမှ မပေါ်ရင် ဝင်တာထွက်တာ ပြန်ရှုလိုက်နဲ့ဆိုရင်
စိတ်ဆိုတာကလည်း တစ်စိတ်ပြီး တစ်စိတ်
ဆက်တိုက်ဆိုသလို ပေါ်မြဲမို့
ရှုဖန်များပြီး အဖန်ဖန်လည်း ပွားများနေပါရော
ကိုယ့်စိတ်အကြောင်းကို ကိုယ်တိုင် ကောင်းကောင်းသိလာတာမို့
အားကြီးလေရာ
ဗလဝဝိပဿနာအဖြစ်ကို
ကူးပြောင်းရောက်ရှိတော့မှာ ဖြစ်ပါတယ် ။
https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။
No comments:
Post a Comment