
ဒေါသကြီးတဲ့သူ , ဒေါသကို
ကိုယ်အမူအရာ , နှုတ်အမူအရာနဲ့ , ထင်ရှားပြတတ်တဲ့သူကို
ဘယ်သူကမှ တရင်းတနှီး မပက်သက်ချင်ကြပါဘူး ၊
မလွှဲသာလို့ ပက်သက်ရတောင်မှ
အလုပ်သဘောအရ အပေါ်ယံပဲ ဖြစ်ပါလိမ့်မယ် , အတွင်းက
မေတ္တာစိတ် အပြည့်အဝ ပါလာမှာ မဟုတ်ပါဘူး ၊
ကိုယ့်အပေါ်ထားရှိတဲ့
ပတ်ဝန်းကျင်ရဲ့ မေတ္တာတရားကို ဆုံးရှုံးစေတာဟာ ဒေါသပါ ,
ကိုယ့်ကို ကူညီစောက်ရှောက်နေတဲ့ သူတွေရဲ့ကမ်းလက်ကို
ပုတ်ချလိုက်တာ ဒေါသပါ ၊
ကိုယ့်ကို သူတော်ကောင်း
တစ်ယောက်အဖြစ် သတ်မှတ်ထားတဲ့ သူတွေရဲ့ ယုံကြည်မှုကို
ဖျက်ဆီးပစ်တာ ဒေါသပါ ၊ ပတ်ဝန်းကျင်က ရရှိမယ့် ကောင်းကျိုးတွေ
ဆုံးရှုံးတာထက် ကိုယ့်စိတ်ရဲ့ အေးချမ်းမှု ဆုံးရှုံးတာကပိုပြီးနစ်နာပါတယ် ၊
ဒေါသဖြစ်နေဆဲ လူတစ်ယောက်ရဲ့
စိတ်ဟာ အလွန်ပူလောင်ပါတယ် ၊ အလွန်တင်းကျပ်ပါတယ် ၊
အလွန်တရာ ပင်ပန်းဆင်းရဲလွန်းလှပါတယ် ။
အရှင်ဆန္ဒာဓိက
( ရွှေပါရမီတောရ ဆရာတော် )
÷=÷=÷=÷
ဒါကြောင့်ပဲ ထင်ပါရဲ့
သူတော်ကောင်းကြီးများ မိန့်တော်မူတာ
အရာရာ အောင်မြင်ချင်ရင် သည်းခံခြင်း ( ခန္တီ ) တရားနဲ့
မေတ္တာတရားကို အစဉ်မပြတ် လက်ကိုင်ကျင့်သုံးပါတဲ့ ၊
ပုထုဇဉ်ရဟန်းတစ်ပါးမို့
တစ်ခါတစ်ခါ ဒေါသလွှမ်းမိုးတာကို ခံရတာ အင်မတန်
မွန်းကြပ်လှပါတယ် ၊ တစ်ခါတစ်ခါဆို အကောင်းနဲ့အဆိုးတောင်
မခွဲခြားနိုင်အောင်ပါပဲ ၊ လူကို အင်မတန် ပူလောင်စေပါတယ် ၊
ဒီသြဝါဒလေး မျှဝေခြင်းရဲ့
အဓိက ရည်ရွယ်ချက်ကလည်း ပူလောင်မှုကို အစဉ်ပေးတတ်တဲ့
ဒေါသတရားကို ဓမ္မမိတ်ဆွေတို့ရဲ့ သန္တာန်မှာ ထာဝရ မမွေးမြူကြစေဖို့
အသိပေးတဲ့ သဘောလေးပါပဲ ၊
ဓမ္မမိတ်ဆွေတို့အားလုံး
မိမိကိုယ် ပူလောင်ဆင်းရဲစေတဲ့ ဒေါသဆိုတဲ့မီးကို
အင်မတန် အေးမြတဲ့ မေတ္တာရေစင်နဲ့ သွန်ဖြန်းပြီး ငြိမ်းသတ် နိုင်ကြပါစေလို့ ဦးဇင်းဆုတောင်း မေတ္တာပို့သအပ်ပါသည် ။
https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။
No comments:
Post a Comment