Friday, January 27, 2017

သင်ပိုင်ဆိုင်သမျှနှင့် ချမ်းသာစေသော နည်းလမ်း



” ဘာကြောင့် တပည့်တော် အလွန်ဆင်းရဲရတာပါလဲဘုရား” လို့ 
သူဆင်းရဲ တစ်ယောက်က မြတ်စွာဘုရားကိုမေးတယ်။

ထိုအခါ မြတ်ဘုရားက ” ဒါနမည်သော ပေးကမ်းခြင်းကို တတ်သိမှု ကင်းခဲ့လို့ပါပဲ” ဟူ၍ဖြေတော်မူတယ်။

“တပည့်တော်မှာ ပေးကမ်းလျူစရာ ဘာမှမရှိလို့ပါဘုရား” လို့ သူသိတဲ့ 
သူရဲ့မရှိဆင်းရဲခြင်း အကြောင်းကို သူဆင်းရဲက ဖွင့်ဟပြန်ပါတယ် ။

ထိုအခါ မြတ်ဗုဒ္ဓဘုရားရှင်က သင့်မှာ

(က) ကြည်လင်အေးမြ ပြုံးလို့ ရတဲ့ ( မျက်နှာ )ရှိတယ် ။
အပြုံးဖြင့်ကုသိုလ်ယူနိုင်တယ်

(ခ) ချိုသာစကား ပီယဝါစာများကို ပြောဆိုနိုင်ပါသော( နူတ်ခမ်း )ရှိတယ် ။
သူတပါးနားမှာ မခါးရလေအောင် ပြောဆိုခြင်းဖြင့်ကုသိုလ်ယူနိုင်တယ်

(ဂ) ကိုယ်ချင်းစာတရားမွေးဖွားနိုင်တဲ့( နှလုံးသား )လည်းရှိတယ်
ဂရုဏာတရားကို လက်ကိုင်ထားပြီး နှလုံးသားနဲ့ ကုသိုလ်ရယူပါ

(ဃ) အကောင်းမြင်လို့ ရတဲ့ ( မျက်လုံး )ရှိပါတယ် ။
သူတပါးအပေါ် အကောင်းမြင်ပေးလို့  ကုသိုလ်အတွေးကို ပိုင်ဆိုင်နိုင်တယ်

(င) ကူညီနိုင်တဲ့ ( ကိုယ်ခန္ဓာ )ကိုလည်း သင်ပိုင်ဆိုင်ပါတယ် ။
ကာယဒါန ပြုခြင်းနဲ့  ကောင်းမှုကုသိုလ်ရယူနိုင်ပါတယ် ။

”ဤသို့ အနည်းငယ်မျှ ပိုင်ဆိုင်ခွင့်ရသော အချင်းအရာတို့ ဖြင့်လည်း
သင်သည် ပေးကမ်းခြင်းဟူသော ဒါနအမှုကို ပြုနိုင်ပေသောကြောင့်
သင်နှင့်တကွ လူသားများသည် သူဆင်းရဲဟု မဆိုထိုက်ပေ ။

ယင်းကဲ့သို့  ပေးကမ်းလှူဒါန်းမှုတရားနှင့်
စိတ်နေသဘောထား မြင့်မြတ်ခြင်းကင်းမှသာလျှင်
ဧကန်ပကတိ ဆင်းရဲသည့်သူဖြစ်ပေသည် ”

https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။

No comments:

Post a Comment