
အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် အခါတစ်ပါး၌ မြတ်စွာဘုရားသည် သက္ကတိုင်း ဒေဝဒဟမည်သော သာကီဝင်မင်းတို့၏ နိဂုံး၌ သီတင်းသုံး နေတော်မူ၏
ထိုအခါ များစွာသော ပစ္ဆာဘူမဇနပုဒ်သို့ ခရီးသွားလိုသူ ရဟန်းတို့သည် မြတ်စွာဘုရားထံချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်ကုန်ပြီးသော် မြတ်စွာဘုရားအား အသျှင်ဘုရား အကျွန်ုပ်တို့သည် ပစ္ဆာဘူမဇနပုဒ်သို့ သွားလိုပါကုန်၏ ပစ္ဆာဘူမဇနပုဒ်၌ နေလိုပါကုနမ၏ ဟု လျောက်ကုန်၏။
ရဟန်းတို့ သာရိပုတြာကို သင်တို့ ခွငမ့ပန်ပြီးကြပြီလော အသျှင်ဘုရား အကျွန်ုပ်တို့သည် အသျှင်သာရိပုတြာကို ခွင့်မပန်ကြရသေးပါ ရဟန်းတို့ သာရိပုတြာကို ခွင့်ပန်ကြကုန်ဦးလော့ ရဟန်းတို့ သာရိပုတြာသည် ပညာရှိ၏ သီတင်းသုံးဖော် ရဟန်းတို့ကို ချီးမြှောက်တတ်၏ ဟု မိန့်တော်မူ၏။
အသျှင်ဘုရား ကောင်းပါပြီ ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြား လျောက်ထားကြကုန်၏။ ထိုအခါ အသျှင်သာရိပုတြာသည် မြတ်စွာဘုရားနှင့် မနီးမဝေး ဒန့်ကျွဲချုံ မဏ္ဍပ်တစ်ခု၌ နေတော်မူ၏ ထို့နောက် ထိုရဟန်းတို့သည် မြတ်စွာဘုရား၏ စကားကို နှစ်သက် ဝမ်းမြောက်ကုန်၍ နေရာမှ ထကြကာ ရှိခိုးပြီးလျှင် အရိုအသေပြု၍ အသျှင်သာရိပုတြာထံသို့ ချဉ်းကပ်လျက် အသျှင်သာရိပုတြာနှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက် ပြောဆိုကုန်၏ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီး၍ တစ်ခုသော နေရာ၌ ထိုင်ကြပြီးသော် အသျှင်သာရိပုတြာအား ငါ့သျှင်သာရိပုတြာ အကျွန်ုပ်တို့သည် ပစ္ဆာဘူမဇနပုဒ်သို့ သွားလိုပါကုန်၏ ပစ္ဆာဘူမဇနပုဒ်၌ နေလိုပါကုန်၏ အကျွန်ုပ်တို့သည် မြတ်စွာဘုရားကို ခွင့်ပန်ပြီးပါပြီ ဟု လျှောက်ကုန်၏ ။
ငါ့သျှင်တို့ နိုင်ငံရပ်ခြား တိုင်းတစ်ပါးသို့ သွားသောရဟန်းအား ပြဿနာမေးတတ်ကုန်သော မင်းပညာရှိ ပုဏ္ဏားပညာရှိ သူကြွယ်ပညာရှိ ရဟန်းပညာရှိတို့သည် ထင်ရှားရှိကုန်၏ ငါသျှင်တို့ ပညာရှိကုန်သော လူတို့သည် အသျှင်တို့၏ ဆရာ မြတ်စွာဘုရားသည် အဘယ်ဝါဒရှိပါသနည်း အဘယ်ကို ဟောလေ့ရှိပါသနည်း ဟု စုံစမ်းတတ်ကုန်၏ အသို့နည်း အသျှင်တို့သည် ယင်းအမေးကို ဖြေဆိုကြသော် မြတ်စွာဘုရား ဟောတော်မူသည့်အတိုင်း ဖြစ်နိုင်လောက်အောင် မြတ်စွာဘုရားကို မဟုတ်မမှန်သော အားဖြင့် မစွပ်စွဲနိုင်လောက်အောင် တရားတော်အား လျော်သော တရားကိုလည်း ဖြေဆိုနိုင်သည် မည်နိုင်လောက်အောင် သင်နို့၏ဝါဒ အမုဝါဒတို့သည် အကြောင်းနှင့်တကွ ဖြစ်၍ အကဲ့ရဲ့ ခံရခြင်းသို့ အနည်းငယ်မျှ မရောက်မရှိ နိုင်ကြလောက်အောင် တရားတို့ကို နားဖူကြ သင်ယူဖူးကြ ပါကုန်၏လော ဆောင်ဖူးကြပါကုန်၏လော ပညာဖြင့် ကောင်းစွာ ထိုးထွင်း၍ သိကြပါကုန်၏လောဟု မိန့်ဆို၏။
ငါ့သျှင် အကျွန်ုပ်တို့သည် အသျှင်သာရိပုတြာ၏ အထံ၌ ဤစကား၏ အနက် အဓိပ္ပါယ် ကို သိကြရန် အဝေးကြီးမှပင် လာခဲ့ရပါကုန်၏ တောင်းပန်ပါကုန်၏ ဤစကား၏ အနက် အဓိပ္ပါယ် ကို အသျှင်သာရိပုတြာ၏ ဉာဏ်၌သာလျှင် ခင်ပါစေလော့ဟု လျှောက်ကုန်၏ ငါသျှင်တို့ သို့ဖြစ်လျှင် နာကုန်လော့ ကောင်းစွာ နှလုံးသွင်းကုန်လော့ ဟောပြပေအံ့ ဟု မိန့်တော်မူ၏။ ငါသျှင် ကောင်းပါပြီ ဟု ထိုရဟန်းတို့သည် အသျှင်သာရိပုတြာအား ပြန်လျှောက်ကြကုန်၏ အသျှင်သာရိပုတြာသည် ဤစကားကို ဟောတော်မူ၏။ ငါ့သျှင်တို့ နိုင်ငံရပ်ခြား တိုင်းတစ်ပါးသို့ သွားသောရဟန်းအား မင်းပညာရှိ။ပ။ ပြဿနာ မေးတတ်ကြကုန်၏
ငါ့သျှင်တို့ ပညာရှိသော လူတို့သည် အသျှင်တို့၏ ဆရာ မြတ်စွာဘုရားသည် အဘယ်ဝါဒ ရှိပါသနည်း အဘယ်ကို ဟောလေ့ရှိပါသနည်း ဟု စုံစမ်းတတ်ကုန်၏ ငါ့သျှင်တို့ သင်တို့သည် ဤသို့ အမေးခံခဲ့ရသော် ငါတို့၏ ဆရာ မြတ်စွာဘုရားသည် လိုချင်တပ်မက်မှု ဆန္ဒ ရာဂ ပယ်ဖျောက်ခြင်းကို ဟောလေ့ရှိ၏ ဟု ဤသို့ ဖြေကြားကုန်လော့။
ငါ့သျှင်တို့ ဤသို့ ဖြေသော်လည်း ဤမင်းပညာရှိ။ပ။ ရဟန်းပညာရှိတို့သည် တစ်ဆင့်တက်၍ ပြဿနာကို မေးတတ်ကြကုန်၏ ငါ့သျှင်တို့ ပညာရှိသော လူတို့သည် အသျှင်တို့၏ ဆရာ မြတ်စွာဘုရားသည် အဘယ်၌ လိုချင်တပ်မက်မှု ဆန္ဒရာဂ ပယ်ဖျောက်ခြင်းကို ဟောလေ့ရှိပါသနည်း ဟု စုံစမ်းတတ်ကုန်၏ ငါ့သျှင်တို့ သင်တို့သည် ဤသို့ အမေးခံခဲ့ကြရသော် ငါတို့၏ ဆရာ မြတ်စွာဘုရားသည် ရုပ်၌ လိုချင်တပ်မက်မှု ဆန္ဒရာဂ ပယ်ဖျောက်ခြင်းကို ဟောလေ့ရှိ၏ ဝေဒနာ၌။ သညာ၌။ သင်္ခါရတို့၌ ဝိဉာဏ်၌ လိုချင်တပ်မက်မှု ဆန္ဒရာဂ ပယ်ဖျောက်ခြင်းကို ဟောလေ့ရှိ၏ ဟု ဤသို့ ဖြေကြားကုန်လော့။
ငါ့သျှင်တို့ ဤသို့ ဖြေသော်လည်း ဤမင်းပညာရှိ။ပ။ ရဟန်းပညာရှိတို့သည် တစ်ဆင့်တက်၍ မေးတတ်ကြကုန်၏ ငါ့သျှင်တို့ ပညာရှိသော လူတို့သည် သင့်တို့၏ ဆရာ မြတ်စွာဘုရားသည် အဘယ်အပြစ်ကို မြင်၍ ရုပ်၌ လိုချင်တပ်မက်မှု ဆန္ဒရာဂ ပယ်ဖျောက်ခြင်းကို ဟောလေ့ရှိပါသနည်း ဝေဒနာ၌။ သညာ၌။ သင်္ခါရတို့၌ ဝိဉာဏ်၌ လိုချင်တပ်မက်မှု ဆန္ဒရာဂ ပယ်ဖျောက်ခြင်းကို ဟောလေ့ရှိပါသနည်း ဟု စုံစမ်းတတ်ကုန်၏ ငါ့သျှင်တို့ သင်တို့သည် ဤသို့ အမေးခံကြရသော် ငါ့သျှင်တို့ ရုပ်၌ တပ်စွန်းမှု မကင်းသူ လိုချင်မှု မကင်းသူ ခင်တွယ်မှု မကင်းသူ မွတ်သိပ်မှု မကင်းသူ ပူလောင်မှု မကင်းသူ တောင့်တမှု မကင်းသူ အား ထိုရုပ်၏ ဖောက်ပြန်ခြင်း တစ်မျိုးတစ်ဖုံ ဖြစ်ခြင်းကြောင့် စိုးရိမ်မှု ငိုကြွေးမှု ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာ ပင်ပန်းမှုတို့သည် ဖြစ်ကုန်၏
ဝေဒနာ၌။ သညာ၌။ သင်္ခါရတို့၌ တပ်စွန်းမှု မကင်းသူ တောင့်တမှု မကင်းပါ ။
https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။
No comments:
Post a Comment