Monday, January 16, 2017

လူ ( ၄ ) မျိုး..


" မနုဿတ္တဘာ​ဝေါဒုလ္လ​ဘော "
လူ့ဘဝသည်​ ရခဲခြင်းငါးပါးအနက်​ တစ်​ပါးဖြစ်​၏ ။
ဘုရားအဖြစ်​ကို ရခဲ၏ ။
ဘုရားနှင့်​​တွေ့ရန်​ ခက်​ခဲ၏..။
ဘုရား၏ တရား​တော်​နှင့်​ ​တွေ့နိုင်​ဖို့ ခက်​ခဲ၏။
လူ့အဖြစ်​ကို ရရှိပြီး တရားနာနိုင်​​သော နားရှိရန်​ခက်​ခဲ၏..။
တရားကျင့်​ကြံနိုင်​​သော လူ ဖြစ်​ဖို့ရန်​ ခက်​ခဲပြန်​၏..။
ရခဲလှစွာ​သော လူ့ဘဝကြီးကို ရရှိလာပြန်​ပါလျှက်​ ကုသိုလ်​.. အကုသိုလ်​ အကျိုးအလိုက်​ လူကို​အောက်​ပါအတိုင်း ( ၄ ) မျိုးခွဲခြားထားပြန်​၏..။
( ၁ ) မနုဿ​နေရယိက. လူ့ငရဲသား
( ၂ ) မနုဿ​ပေတ. လူ့ပြိတ္တာ
( ၃ ) မနုဿ တိရစ္ဆာန. လူတိရစ္ဆာန်
( ၄ ) ပရမတ္တမနုဿ လူစင်​စစ်​ဟူ၍
လေးမျိုးခွဲခြားထား၏..။

၁.. မနုဿ​နေရ ယိက.... လူ့ငရဲသားဆိုသည်​မှာ
သူ့အသက်​ သတ်​ခြင်း. သူ့ဥစ္စာကိုခိုးခြင်း. မတရားသဖြင့်​ သူ့ပစ္စည်းကို ရယူခြင်း.. မပြုသင့်​​သော အမှားများကို ပြုလုပ်​ခြင်း​ကြောင့်​ မင်းပြစ်​မင်းဒဏ်​ သင့်​ကာ ​ခြေလက်​ဖြတ်​​တောက်​ခြင်း ခံရသဖြင့်​ ဆင်းရဲဒုက္ခ​ရောက်​​နေရသူမျိုး ဖြစ်​သည်​။

၂.. မနုဿ​ပေတ.. . လူ့ပြိတ္တာ ဟုသည်​ကား..
အထက်​ကပြိတ္တာ သတ္တ၀ါ ကဲ့သို့​သော အကုသိုလ်​ အကျိုးကို လူးလိမ့်​ခံစားပြီး အမြဲတမ်းငတ်​မွတ်​ဆာ​လောင်​​နေရသည့်​ သူမျိုးဖြစ်​သည်​။

၃.. မနုဿတိရ စ္ဆာန.. လူတိရစ္ဆာန်​ ဆိုသည်​မှာ..
သူတစ်​ပါး၏ တာဝန်​ဝတ္တရားများကို ထမ်း​ဆောင်​ရန်​ သွားလာ​နေရသူများ ဖြစ်​ပြီး မင်း အစိုးရ စသည်​တို့၏ ခြိမ်း​ခြောက်​မှု့​ကြောင့်​ ​သေ​ဘေးကို​ကြောက်​၍ ​တောခြုံပိတ်​​ပေါင်းခိုမှီ ဝင်​​အောင်းကာ အိပ်​မရ.. စားမရ ဆာ​လောင်​ဆင်းရဲ ပယ်​​ဖျောက်​ရုံမှ တစ်​ပါး ဒုက္ခ ကြီးစွာဖြင့်​ လှည့်​လည်​​ပြေးလွှား​နေရသူမျိုး ဖြစ်​သည်​..။

၎.. ပရမတ္တမနုဿ.. . လူစင်​စစ်​ဟူသည်​ကား..
မိမိ၏ အကျိုးစီးပွားကို သိတတ်​ပြီး ကံ.. ကံ၏အကျိုးကို ယုံကြည်​ကာ..
မ​ကောင်းမှု့မှ ရှက်​ခြင်း ...​ကြောက်​ခြင်း ရှိတတ်​ပြီး သတ္တ၀ါတို့ အ​ပေါ်၌ သနားခြင်း ရှိသည့်​ အပြင်​ #အကုသိုလ်​ကို​ရှောင်​ ..
#ကုသိုလ်​ကို​ဆောင်​ .. တတ်​ပြီး ပုညကရိယဝတ္ထုတို့နှင့်​ ပြည့်​စုံ​သော သူမျိုးကို ဆိုပါသည်​။

အထက်​ပါ လူ (၄ ) မျိုးတွင်​ ​နောက်​ဆုံးလူ ဖြစ်​ရန်​ အထူးကြိုးစားရမည်​ ဖြစ်​သည်​..။

➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳
https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။
➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳

No comments:

Post a Comment