
ဗမာပြည်မှာလည်း အခု စာအုပ်ထဲမှာ တွေ့ဖူးတယ်နော်။
မန္တလေး... အမရပူရမြို့။
အဲဒီ မြို့သူ မြို့သားတွေ အသက်တစ်ရာ ပြည့်မှ သေတာတဲ့ကွဲ့။
အခုတော့ မရှိတော့ဘူးပေါ့။ ဟိုတုန်းက ဟိုတုန်းက။
အဲဒါ ကံ ကံရဲ့အကျိုးကို ယုံကြည်ဖို့ မကောင်းလား။
ကုသိုလ်ကံကြောင့် အသက် ရာကျော် ရှည်တာပေါ့။
အကုသိုလ်ကံကြောင့် မွေးမွေးချင်း သေကြရတာပေါ့။
ယုံကြည်ဖို့ မကောင်းလား။
ဒါကြောင့်မို့လို့ ...
ကံကို ယုံကြည်ဖို့ လိုတယ်နော်။
ဉာဏ်ကို အားကိုးရမယ်။
ယုံကြည်ရင် ... ဒါ ရှောင်ကြဉ်ရမှာပေါ့။
သမာဒါန သီလ၊ သမ္ပတ္တသီလနော်။
အဲလို စိစစ်ဖို့ မကောင်းလား။
အဲဒါ လေ့လာဖို့ လိုတယ်။
အဲဒါ ယုံကြည်လို့ ရှောင်တဲ့ အတွက် လူ့အဖြစ်ကို မရလား။
နတ်အဖြစ်ကို မရလား။
မရှောင်နိုင်လို့ အပါယ် လေးဘုံမှာ ဖြစ်နေတာပေါ့။
အဲဒါ ရှောင်ကြဉ်ဖို့ ဘုန်းကြီးက သတိပေးတာပေါ့နော်။
အဲလို ပြောလို့ ဟောလို့မှ နားမထောင်ရင် လည်း...
သဗ္ဗေ သတ္တာ ကမ္မဿကာ ပေါ့။
ကျေးဇူးတော်ရှင် မုံလယ်ဆရာတော်ဘုရားကြီး။
အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တ သံဝရ။
မကြွားကြနဲ့။
ကိုယ်နေတဲ့ နေရာ ... မိုးလုံ လေလုံရင် တော်ပြီလို့
မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီး မဟောဘူးလား။
စားတဲ့အခါလည်း ...
ဗိုက်ပြည့်ရင် တော်ပြီလို့ မဟောဘူးလား။
ဝတ်တဲ့ အထည်မှာလည်း...
အရှက်လုံရင် တော်ပြီလို့ မဟောဘူးလား။
အဲသလောက်ပါ့ ရပ်ဖို့ လိုတယ်ကွဲ့နော်။
အဲဒီနေရာကို ရောက်အောင် ကြိုးစားကြ။
ကျေးဇူးတော်ရှင် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ မုံလယ်တောရ ဆရာတော်ဘုရားကြီးဘဒ္ဒန္တ သံဝရ။
➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳
https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။
➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳
No comments:
Post a Comment