Friday, January 27, 2017

ငွေကြေးအကုန်အကျမရှိသောအလှူဒါန(၇)မျိုး



သုံးလောကထွတ်ထားမြတ်စွာဘုရားက ငွေကြေးတစိုးတစိမျှအကုန်အကျမရှိဘဲ

လူဆင်းရဲကနေလူချမ်းသာအထိ ပေးလှူနိုင်သောအလှူ (၇) မျိုးကိုဟောပြောညွှန်ပြထားခဲ့ပါ

တယ်။အဲဒီအလှူဒါနတွေကတော့-

(၁) မျက်နှာအမူအရာအလှူဒါန _ လူလူချင်းပေါင်းသင်းဆက်ဆံရာတွင် ရွှင်အေးကြည်မြသော
•••••••••••••••••••••••••••••••••••
အပြုံးမျက်နှာကိုဆောင်ကာ အလှူဒါနပြုခြင်း။

(၂) နှုတ်မြွက်စကားဖြင့်အလှူဒါန_ လူတစ်ဦးတစ်ယောက်ကို အားပေးခြင်း၊ နှစ်သိမ့်ခြင်း၊
••••••••••••••••••••••••••••••••••••••••••••••
ချီးကျူးစကားဆိုခြင်းဖြင့်အလှူဒါနပြုခြင်း။

(၃) စိတ်ဖြင့်အလှူဒါန_ စိတ်တံခါးကိုဖွင့်ပြီးလျှင် ပွင့်လင်းမြင်သာစွာနဲ့ကောက်ကျစ်စဉ်း
•••••••••••••••••••••••••••••••••
လဲခြင်းမပါဘဲတစ်ဦးနဲ့တစ်ဦးပေါင်းသင်းဆက်ဆံခြင်းဖြင့် အလှူဒါနပြုခြင်း။

(၄) အမြင်ဖြင့်အလှူဒါန_ အကောင်းမြင်ကာ မေတ္တာစေတနာအပြည့်ဖြင့် အချင်းချင်းအ
•••••••••••••••••••••••••••••••••••
ပေါ် ချစ်သောမျက်စိဖြင့် ကြည့်ရှုဆက်ဆံ၍အလှူဒါနပြုခြင်း။

(၅) ကာယလုပ်အားဖြင့်အလှူဒါန_ တစ်စုံတစ်ယောက်မှာဝန်ကိုမနိုင်မနင်းဖြစ်နေပါက
••••••••••••••••••••••••••••••••••••••••••••••••
မိမိကတစ်ဖက်တစ်လမ်းမှ စိတ်ပါလက်ပါ ၊ ကိုယ်ထိလက်ရောက် လုပ်ကိုင်ဆောင်ရွက်ပေးခြင်း

ဖြင့်အလှူဒါနပြုခြင်း။

(၆) နေရာထိုင်ခင်းအလှူဒါန _ မီးရထား၊ မော်တော်ကား၊ လှေ၊ သင်္ဘောတို့ဖြင့်ခရီးသွားခိုက်မှာ
••••••••••••••••••••••••••••••••
မိမိနေရာထိုင်ခင်းကို ပေးကာကူညီလျှက် အလှူဒါနပြုခြင်း။

(၇) နေအိမ်အလှူဒါန _ နေရာထိုင်ခင်း တည်းခိုခြင်းအခက်အခဲရှိသူကို မိမိနေထိုင်ရာ အိမ်၊ ဂေ
••••••••••••••••••••••••••
ဟာ၊ ဌာနတွင် နေထိုင်စေခြင်း၊ တည်းခိုသီတင်းသုံးစေခြင်းဖြင့် ဖြည့်ဆည်းအလှူဒါနပြုခြင်းတို့

https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။

No comments:

Post a Comment