Friday, January 27, 2017

တရားထိုင်ကြရာဝယ်



(၁)လူသံယောဇဉ်ဖြတ်ပါ
တရားစခန်းများတွင် ယောဂီအချင်းချင်းတို့
သည် ဆက်စပ်မှုမရှိ သူစိမ်းပြင်ပြင်ကဲ့သို့
သဘောထားပြီးနေထိုင်ပါ

(၂)မရဏာနုဿ တိပွားပါ
မိမိနှင့် နီးစပ်သူ မိမိ သံယောဇဉ်ရှိသူ သေ
ဆုံးသူတဦးဦးအား အာရုံပြု ၍ မိမိလည်း
အချိန်မရွေးသေဆုံးနိုင်သည်.. ထို့ကြောင့်
ဤတရားတထိုင်၌ ဉာဏ်ဦးအောင် အား
ထုတ်မည်ဟု ရှုပွားပါ

(၃)ဆန္ဒာဓိပတိတပ်ပါ
အို နာ သေ..ကံပစ်ချရာခံရသည့် ဝိပရိနာမ
ဒုက္ခ သံသရာဘေးဆိုးကြီး.. ဇာတိချက်
ကြွေ အပါယ်လေးဘုံ ဘေးဆိုးကြီးတို့ကို
နားလည် သဘောပေါက်၍ ထက်သန်တဲ့
လွတ်မြောက်လိုစိတ်ကို မွေးမြူ ပါ

(၄)အတ္တာဓိပတိတပ်ပါ
လောကီမှာ ကိုယ့်ကိုယ်ကို အတော်ဆုံးလို့
ထင်ခဲ့ကြပါတယ်.. ဒါကြောင့် အခု လုပ်
တဲ့ကိစ္စမှာ.. ကိုယ့်ခန္ဒာကို ကိုယ်စောင့်ရှုရ
တဲ့ကိစ္စမှာ ဘာဖြစ်လို့ မရ,ရမှာလဲ.. ရကိုရ
စေရမည်.. ရအောင်လုပ်မည်ဟု ထက်
သန်သည့် ဆုံဖြတ်ချက်ချပါ

(၅)လောကာဓိပတိတပ်ပါ
ကိုယ့်ထက်ငယ်သူ ကိုယ်ထက်အိုသူတွေ
တရားတွေ့သွားကြပြီ.. ငါဘာလို့မလုပ်နိုင်
ရမှာလဲလို့ ခံယူပါ

(၆)ဓမ္မာဓိပတိတပ်ပါ
အခုဆိုရင် သစ္စာတရားကို နာရပြီ.. စနစ်
တကျ တရားထိုင်နည်းကိုလည်း သိရပြီဟူ
၍ ဝမ်းမြောက်ဝမ်းသာ အားထုတ်ပါ

(၆)အဓိဌာန်တင်ပါ
မလှုပ် မကုပ် မဖြုတ် သတ်မှတ်ချိန်အပြည့်
ထိုင်မည်ဟု အဓိဌာန်ပြု ပါ

*

ဆရာဦးမြင့်မောင်.. တရက်တရားစခန်းအား
အထူးကျေးဇူးတင်ပါသည်..
➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳
တရားထိုင်ခါမှာပယ်သတ်ရမှာ


အတိတ်ကလုပ်ရပ်တွေကိုပြန်တွေးတာ
ဒေါသဖြစ်တာ..
အနာဂါတ်ကိုမျှော်တွေးတာ
စိတ်ကူးပုံဖော်.. လောဘတက်တာ..
ထိနမိဒ္ဒ.. အိပ်ငိုက်ခြင်းဆိုတဲ့ မောဟ..
ငါအစွဲကိုပိုဖြစ်စေတတ်တဲ့
တောင်စဉ်ရေမရ အတွေးများ..
မပြုလုပ်ရသေးတဲ့ ကုသိုလ်
မပြုလုပ်ဘူးသေးတဲ့ ကုသိုလ်ကို
မျှော်မှန်း တွေးတော ပူပန်တာ..
ပြုလုပ်ခဲ့မိတဲ့ အကုသိုလ်ကို
ပြန်လည် တွေးတော ပူပန်တာ..
တရားတော်ပေါ် ယုံကြည်မှု ဝေးလာတာ..
တရားစခန်းမှာဆိုရင်တော့
မိသားစုကို သတိရ ပူပန်နေတာ..
အတူစခန်းဝင်သူတွေကိုကြည့်ပြီး
သူတို့တော့ထိုင်နိုင်တယ်
ငါ့ကျတော့ဆိုပြီး
ဖြစ်အောင်လုပ်မယ်ဆိုတဲ့ဆန္ဒမပေါ်ပဲ
နှိုင်းယှဉ်မှု မစ္ဆရိယစိတ်ပေါ်တာ..
စိတ်ဓာတ်ကျဆင်း ပျင်းရိလာတာ..
ဒါတွေပယ်သတ်လို့..

ကောင်းတာဖြစ်ဖို့လုပ်တဲ့အလုပ်တိုင်း
မလွယ်ကူဘူးဆိုတာ.
ချမ်းသာအတွက်
ဒုက္ခကိုအရင်းပြုရတဲ့အလုပ်မို့
အထူးကြိုးစားရမယ်ဆိုတာ..
ကြိုတင်သိထားရပါမယ်နော်..



https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။
°°°°°°°°°°°°°°°°°°°°°

(၁)လူသံယောဇဉ်ဖြတ်ပါ
တရားစခန်းများတွင် ယောဂီအချင်းချင်းတို့
သည် ဆက်စပ်မှုမရှိ သူစိမ်းပြင်ပြင်ကဲ့သို့
သဘောထားပြီးနေထိုင်ပါ

(၂)မရဏာနုဿ တိပွားပါ
မိမိနှင့် နီးစပ်သူ မိမိ သံယောဇဉ်ရှိသူ သေ
ဆုံးသူတဦးဦးအား အာရုံပြု ၍ မိမိလည်း
အချိန်မရွေးသေဆုံးနိုင်သည်.. ထို့ကြောင့်
ဤတရားတထိုင်၌ ဉာဏ်ဦးအောင် အား
ထုတ်မည်ဟု ရှုပွားပါ

(၃)ဆန္ဒာဓိပတိတပ်ပါ
အို နာ သေ..ကံပစ်ချရာခံရသည့် ဝိပရိနာမ
ဒုက္ခ သံသရာဘေးဆိုးကြီး.. ဇာတိချက်
ကြွေ အပါယ်လေးဘုံ ဘေးဆိုးကြီးတို့ကို
နားလည် သဘောပေါက်၍ ထက်သန်တဲ့
လွတ်မြောက်လိုစိတ်ကို မွေးမြူ ပါ

(၄)အတ္တာဓိပတိတပ်ပါ
လောကီမှာ ကိုယ့်ကိုယ်ကို အတော်ဆုံးလို့
ထင်ခဲ့ကြပါတယ်.. ဒါကြောင့် အခု လုပ်
တဲ့ကိစ္စမှာ.. ကိုယ့်ခန္ဒာကို ကိုယ်စောင့်ရှုရ
တဲ့ကိစ္စမှာ ဘာဖြစ်လို့ မရ,ရမှာလဲ.. ရကိုရ
စေရမည်.. ရအောင်လုပ်မည်ဟု ထက်
သန်သည့် ဆုံဖြတ်ချက်ချပါ

(၅)လောကာဓိပတိတပ်ပါ
ကိုယ့်ထက်ငယ်သူ ကိုယ်ထက်အိုသူတွေ
တရားတွေ့သွားကြပြီ.. ငါဘာလို့မလုပ်နိုင်
ရမှာလဲလို့ ခံယူပါ

(၆)ဓမ္မာဓိပတိတပ်ပါ
အခုဆိုရင် သစ္စာတရားကို နာရပြီ.. စနစ်
တကျ တရားထိုင်နည်းကိုလည်း သိရပြီဟူ
၍ ဝမ်းမြောက်ဝမ်းသာ အားထုတ်ပါ

(၆)အဓိဌာန်တင်ပါ
မလှုပ် မကုပ် မဖြုတ် သတ်မှတ်ချိန်အပြည့်
ထိုင်မည်ဟု အဓိဌာန်ပြု ပါ

*


တရားထိုင်ခါမှာပယ်သတ်ရမှာ


အတိတ်ကလုပ်ရပ်တွေကိုပြန်တွေးတာ
ဒေါသဖြစ်တာ..
အနာဂါတ်ကိုမျှော်တွေးတာ
စိတ်ကူးပုံဖော်.. လောဘတက်တာ..
ထိနမိဒ္ဒ.. အိပ်ငိုက်ခြင်းဆိုတဲ့ မောဟ..
ငါအစွဲကိုပိုဖြစ်စေတတ်တဲ့
တောင်စဉ်ရေမရ အတွေးများ..
မပြုလုပ်ရသေးတဲ့ ကုသိုလ်
မပြုလုပ်ဘူးသေးတဲ့ ကုသိုလ်ကို
မျှော်မှန်း တွေးတော ပူပန်တာ..
ပြုလုပ်ခဲ့မိတဲ့ အကုသိုလ်ကို
ပြန်လည် တွေးတော ပူပန်တာ..
တရားတော်ပေါ် ယုံကြည်မှု ဝေးလာတာ..
တရားစခန်းမှာဆိုရင်တော့
မိသားစုကို သတိရ ပူပန်နေတာ..
အတူစခန်းဝင်သူတွေကိုကြည့်ပြီး
သူတို့တော့ထိုင်နိုင်တယ်
ငါ့ကျတော့ဆိုပြီး
ဖြစ်အောင်လုပ်မယ်ဆိုတဲ့ဆန္ဒမပေါ်ပဲ
နှိုင်းယှဉ်မှု မစ္ဆရိယစိတ်ပေါ်တာ..
စိတ်ဓာတ်ကျဆင်း ပျင်းရိလာတာ..
ဒါတွေပယ်သတ်လို့..

ကောင်းတာဖြစ်ဖို့လုပ်တဲ့အလုပ်တိုင်း
မလွယ်ကူဘူးဆိုတာ.
ချမ်းသာအတွက်
ဒုက္ခကိုအရင်းပြုရတဲ့အလုပ်မို့
အထူးကြိုးစားရမယ်ဆိုတာ..
ကြိုတင်သိထားရပါမယ်နော်..



https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။

No comments:

Post a Comment