Friday, January 27, 2017

စဉ်းစားသင့်သောအချက်တစ်ရပ်



☆ ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးသည် မိမိကိုယ်ကို မိမိ သောတာပတ္တိမဂ်ဉာဏ်
ဖိုလ်ဉာဏ်သို့ ဆိုက်ရောက်ပြီဟု သို့မဟုတ် သောတာပန်ဖြစ်ပြီဟု ယူဆ
ယုံကြည်ခဲ့ပါလျှင် မိမိကိုယ်ကို မိမိ အထက်ပါ မှတ်ကျောက်တွင် တင်ကြည့်
ပါ။

၁။ ငါသည် ဒုက္ခသစ္စာအမည်ရသည့် အတိတ် အနာဂတ် ပစ္စုပ္ပန် အဇ္ဈတ္တ
ဗဟိဒ္ဓ စသည့် (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသည့်
ဥပါဒါနက္ခန္ဓာငါးပါး = ရုပ်နာမ်ပရမတ် ဒုက္ခသစ္စာတရားတို့ကို သမ္မာ
ဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ပြီးပြီလား?
အချိန်မရွေး ပြန်ရှုလို့ ရပြီလား?

၂။ အတိတ်အကြောင်းသမုဒယသစ္စာကြောင့် ပစ္စုပ္ပန်အကျိုးဒုက္ခသစ္စာဖြစ်ပုံ,
ပစ္စုပ္ပန်အကြောင်းသမုဒယသစ္စာကြောင့် အနာဂတ်အကျိုးဒုက္ခသစ္စာဖြစ်ပုံ
ဟူသည့် ကြောင်း-ကျိုးဆက်နွှယ်မှု = ပဋိစ္စသမုပ္ပါဒ်သဘောတရား
တည်းဟူသော သမုဒယသစ္စာတရားတို့ကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့်
ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ပြီးပြီလား? အချိန်မရွေး ပြန်ရှုလို့
ရပြီလား?

၃။ အကြောင်းသမုဒယသစ္စာတရားများ အကြွင်းအကျန်မရှိ ကုန်စင်အောင်
ချုပ်ငြိမ်းသွားခြင်းကြောင့် အကျိုးဒုက္ခသစ္စာတရားတို့ အကြွင်းအကျန်မရှိ
ကုန်စင်အောင် ချုပ်ငြိမ်းသွားခြင်း နိရောဓသစ္စာတရားကိုလည်းကောင်း,
အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်တည်းဟူသော လောကုတ္တရာနိရောဓ
သစ္စာတရားကိုလည်းကောင်း သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက်
ထွင်းဖောက်သိမြင်ပြီးပြီလား? အချိန်မရွေး ပြန်ရှုလို့ ရပြီလား?

၎။ နိဗ္ဗာန်သို့ရောက်ကြောင်း ကျင့်စဉ်ဖြစ်သည့် လောကီမဂ္ဂင်တရားကိုယ်
(၈)ပါး, လောကုတ္တရာမဂ္ဂင် တရားကိုယ် (၈)ပါးတို့ကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့်
ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ပြီးပြီလား? အချိန်မရွေး ပြန်ရှုလို့
ရပြီလား?

☆ ဤမေးခွန်းတို့ကို မိမိကိုယ်ကို မိမိ မေးကြည့်ပါ။ မသိသေးပါ, ရှုလို့
မရပါဟု အဖြေထွက်ခဲ့လျှင်ကား မိမိကိုယ်ကို မိမိ နားလည်သင့်ပေပြီ။ သို့သော်
သံသရာခရီးအဆုံးဖြစ်သည့် ပန်းတိုင်သို့ ရောက်ရှိသွားတော်မူကြသည့်
အရိယာသူတော်ကောင်းတို့သည်ကား ယင်းမေးခွန်းအရပ်ရပ်တို့ကို ကောင်း
စွာ ဖြေဆိုနိုင်ကြသူများ ဖြစ်ကြပေသည်။ အောက်ပါ ကောဋိဂါမသုတ္တန်ကို
ဖတ်ရှုကြည့်ပါ။

¤ ဖားအောက်တောရဆရာတော် ¤

https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။

No comments:

Post a Comment