
အို…လူအများတို့' ဘုရာသခင်နှင့် ကိုယ်တိုင်
မတွေ့လိုက်ကြရ၍ ဘာဝမ်းနည်းစရာရှိသလဲ'ယခုအခါ
ဓမ္မက္ခန္ဓာဘုရားတွေ အများကြီးရှိသေး၏။ ကံ' ပါရမီရှိ
လျှင် ရလိမ့်မည်ဟူ၍သာ အေးစက်စက်နေကြလျှင် အ
များကြီးနစ်နာကြလိမ့်မည်။
စာမတတ်လို့ ဘာမတတ်လို့လဲ မလုပ်ကြပါနှင့်'
ဆရာကောင်းနှင့်တွေ့လျှင် ရနိုင်ပါသည်။ သို့အတွက်
အို…လူအများတို့' ယခုအခါ ကံ' ပါရမီကိုမေးရန်
မလိုပါ။ ရှင်ဘုရင်သားဖြစ်ပြီး အိမ်ရှေ့မင်းသားသည်
ရှင်ဘုရင်ဖြစ်ရန် ဗေဒင်မေးဖို့မလို။
မုတ်ဆိတ်ပျားစွဲသူသည် တခြားသွားပြီး ပျားဖွတ်
ရန်မလို' ရန်သူဝိုင်းထားခံရသူသည် ထွက်ပေါက်သိ
လျက်ကနဲ့ မထွက်သော် ကံပါရမီချဖွယ်မလို' အညစ်
အကြေးလူးသူသည် ရေစင်ရှိလျက် မဆေးသော် ရေ၌အပြစ်ဆိုဖွယ်ရာမလို' မိမိကသာ ဖျင်းလို့' အ.လို့
န. လို့ ဖြစ်သည်။ အသေနည်းသေးတယ်လို့သာ ဆို
ဖွယ်ကောင်းတော့၏။ ကြောက်ကြ' လန့်ကြ'ထိတ်ကြ
အိုး…လူအများတို့ သို့အတွက်ကြောင့် တရားအား
ထုတ်ကြပါကုန်လော့။ ။
( စလင်းကန်လယ်ဆရာတော်ဘုရားကြီး )
https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။
No comments:
Post a Comment