Monday, January 16, 2017

အစွမ်းထက်သောကာကွယ်မှု



❖ နှစ်ပေါင်း ၆၀ ကျော်က ရန်ကုန်က ပျံသန်းလာတဲ့
ဒါကိုတာလေယာဉ်ကြီး တစ်စီးဟာ
ရာသီဥတုဆိုးရွားပြီး ရှမ်းပြည်နယ် က
တောင်ထိပ်နဲ့ တိုက်မိပြီး ပျက်ကျခဲ့ဘူးတယ်။

❖ အဲ့ဒီ မှာ မန္တလေးသားတစ်ဦးဟာ
ခရီး အစကတဲက ဘုရားဂုဏ်တော်တွေ
ရွတ်ဖတ် ပွားများ လာခဲ့တယ်၊
လေယာဉ်ကြီး သိမ့်ကနဲဖြစ်ပြီး
သတိမေ့သွားခဲ့တာ..သတိလည်းရရော
ခြံတစ်ခြံပေါ်မှာ တင်နေပြီး လေယာဉ်
တစ်စီးလုံးမှာ သူတစ်ယောက်ပဲ
အသက်ရှင်ကျန်ခဲ့တဲ့ သတင်း ကို
အဲ့ဒီ တုန်းက သတင်းစာတွေမှာဖော်ပြခဲ့ဘူးတယ်။

❖ လောကမှာ မြင်ရတဲ့အန္တရာယ်,
မမြင်ရတဲ့အန္တရာယ်တွေဟာ ယနေ့
ခေတ်မှာ ပိုပေါလာတယ်။

❖ ဗုဒ္ဓတရားတော်တွေကို သက်ဝင်
ယုံကြည်သူတွေဟာ ဘယ်နေရာသွား
သွား ဂုဏ်တော်တွေ ပွားများကြလို့
အန္တရာယ်တို့မှ ကင်းလွတ်ကြတာအမှန်ပဲ။

❖ အန္တရာယ်ဆိုတာ မထင်မှတ်ပဲ ကြားဖြတ်
ဝင်လာတာမျိုးပဲ။
ဒီဘေးအန္တရာယ်တို့မှ ကာကွယ်နိုင်
အောင် မလွတ်သောသတိဖြင့် ဘုရား
ဂုဏ်ကိုအာရုံပြု၊တရားဂုဏ်ကို
အာရုံပြု၊သံဃာ့ဂုဏ်ကို အာရုံပြုပြီး
ထုံမွှမ်းထားသူတို့ဟာ အပြင်ကလာတဲ့
အန္တရာယ်လည်းမကျရောက် ၊
အတွင်းရန်တွေဖြစ်တဲ့ ကိလေသာမီး
တွေလည်း လျော့ပါးစေပါတယ်။

✿ ပါမောက္ခချုပ်ဆရာတော်ဒေါက်တာ နန္ဒမာလာဘိဝံသ
ဘုရားကြီးဟောကြားတော်မူသော အစွမ်းထက်သော
ကာကွယ်မီူ တရားတော်မှ

https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadawdha
machannallive/ တွင်လည်းဖတ်ရှူလေ့လာနိုင်ပါသည် ။

No comments:

Post a Comment