Wednesday, January 25, 2017


တစ်နေ့ သောအခါမှာ ဘုရားရှင်က မြေမှုန့် အနည်း
ငယ်ကိုလက်သည်းခွံပေါ်တင်ပြီး ရဟန်းတော်တွေကိုမိန့် တယ်။ ချစ်သားတို့ မဟာပထဝီမြေကြီးရဲ့မြေမှုန့် တွေနဲ့  ငါဘုရားရှင်လက်သည်းခွံပေါ်က မြေမှု့န့် ဘယ်က ပိုများသလဲဆိုတော့ ရဟန်းတော်များက အရှင်ဘုရား လက်သည်းခွံပေါ်ကမြေမှု့န့် က အနည်းငယ်သာ
ဖြစ်ပြီးမဟာပထဝီမြေကြီးရဲ့မြေမှု့န့် က အတိုင်း
အဆမရှိများလှပါတယ်ဘုရားလို့ လျှောက်တဲ့အခါ..

ဘုရားရှင်က ချစ်သားတို့  သတ္တဝါတွေဟာ
သေပြီးလို့  သုဂတိဘုံ ဒုက္ခတိဘုံကို ရောက်ကြရ
တယ်။ အဲဒီလိုရောက်ကြတဲ့အခါ ငါဘုရားရှင်
လက်သည်းခွံပေါ်က မြေမှု့န့် အချိုးအဆ လောက်
သာ သုဂတိ ဘုံကိုရောက်ပြီး ဒုက္ခတိဘုံရောက်
တာကတော့ မဟာပထဝီအချိုးအစား မြေမှု့န့် 
လောက်ရှိတယ် ဆိုပြီးမိန့် တော်မူတယ်။

(နခသီသ သုတ္တံ )

ကျွန်တော်တို့ကရော ဘုရားရှင်လက်သည်းပေါ်က
မြေမှုံ လို သတ္တဝါထဲ ပါပြီလား၊

ဒါမှမဟုတ် မဟာပထဝီမြေလောက် များသည့်
သတ္တဝါတွေထဲ မှာပဲ ရှိသေး သလား။

သေလွန်ပြီး သုဂတိဘုံ ပြန်ရောက်တဲ့ သတ္တဝါ
ဆိုတာ ဘုရားရှင် လက်သည်းပေါ်က မြေမှုံ
လောက်ပဲ အရေအတွက်ရှိတာ၊

သေလွန်ပြီး အပါယ်ဘုံ ဆင်းသွားတာက မဟာ
ပထဝီ မြေကြီးလောက် များပြားနေပါတယ်။

ကျွန်တော်တို့သည် ဘုရားရှင်လက်သည်းပေါ်က မြေမှုံ
လောက် အရေအတွက်ထဲ ပါနေအောင် ကြိုးစားသင့်
တယ်။

ဒါမှ မနုဿ ဒုလ္လဘ ဟာ အဓိပ္ပါယ်ရှိတော့မည်။

https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။

No comments:

Post a Comment