
မေး=သိုက်ဆိုတာ ရှိပါသလား? သိုက်ဟူသည် မည်သည့်ဘုံမျိုး ဖြစ်သည်ကို သိလိုပါတယ်။
ဖြေ=သိုက်ဆိုတာ ရှိပါတယ်။ သိုက် ဆိုတာ ဗြိတ္တာဘုံကို ခေါ်ခြင်းဖြစ်တယ်။ သို့သော် စားနိုင် သောက်နိုင် ဗြိတ္တာဘုံလို့ ခေါ်ရပါမယ်။
သူတို့သည် ကုသိုလ်ကံရှိ၍ နတ်ပြည်သို့ ရောက်နိုင် သော်လည်း သိမ်းဆည်းထားသော ဥစ္စာရတနာတို့ကို စွဲလမ်းသော လောဘကြောင့် ဗြိတ္တာဘုံတစ်မျိုး ဖြစ်သော သိုက်ထဲသို့ ရောက် ကြရခြင်း ဖြစ်တယ်။
-သိုက်ထဲသို့ ရောက်စေနိုင်တဲ့ အဓိက အကြောင်းရင်းမှာ " လောဘ " ကြောင့် ဖြစ်တယ်။ ဆင်းရဲသားဘဝသို့ ရောက်စေသော အဓိ အကြောင်းမှာလည်း လောဘပဲ ဖြစ်တယ်။ လောဘကြီး၍ ဒါနမပြုသောကြောင့် ဆင်းရဲသား ဘဝသို့ ရောက်ရခြင်း ဖြစ်တယ်။
လောဘကို ပယ်သတ်ဖို့ နည်းလမ်း(၄)ခု ရှိတယ်။
(၁)ဒါနပြုပြီး ပယ်သတ်ပါ။
(၂)ဒုတင်ဆောက်တည်ပြီးပယ်သတ်ပါ။
(၃)အသုဘ ဘာဝနာ ရှုပွားပြီး ပယ်သတ်ပါ။
(၄)ဝိပဿနာတရား နာကြားအားထုတ်ပြီး ပယ်သတ်ပါ. . . . . . .
မေး။ယဉ်လဲ့လဲ့ဖြူ
ဖြေ။မေတ္တာရှင် ရွှေပြည်သာ
https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။
No comments:
Post a Comment