
အကျယ်ချဲ့၍ ပြောပါဦးမည်I မိမိတို့မှာ
ခန္ဓာငါးပါးရှိကြ၏I ရူပက္ခန္ဓာI ဝေဒနာက္ခန္ဓာI
သညာက္ခန္ဓာI သင်္ခါရက္ခန္ဓာI ဝိညာဏက္ခန္ဓာ
တို့ ဖြစ်ကြသည်။
ဤခန္ဓာငါးပါးကို ချုံးလိုက်လျှင်
ရုပ်နှင့် နာမ်၂
ထို့ကြောင့် ရုပ်နာမ်၂--ပါး ဆိုတာနဲ့
ခန္ဓာငါးပါးဆိုတာ အတူတူပင် ဖြစ်သည်။
(၁) အချို့က ယူဆကြသတဲ့
ဤရုပ်နာမ်၂ပါးI ခန္ဓာငါးပါးကြီး ပျက်စီးသွားပြီ
ဆိုလျှင် ရုပ်ခန္ဓာကြီးက ကျန်ရစ်၏I
မြေမြှုပ်ရ၏I မီးရှို့ရ၏I ရေမျှောရ၏ ။
နာမ်ခန္ဓာတွေကတော့ ထိုသို့ အပြုမခံ
ဆိုင်ရာဘဝသို့ ကူးသွားကြသည်I အထူအားဖြင့်
ဝိညာဏ်ဆိုတဲ့ စိတ်ကလေးက ဆိုင်ရာဘဝ
သို့ ကူးပြောင်းသွားသည်ဟု ယူဆကြ၏ ။
သို့ဖြစ်လျှင် ဝိညာဏ်ကလေးက
မသေဘဲ မြဲနေသည်ဟု အဓိပ္ပာယ်ရောက်နေသည်I ထိုသို့ မြဲနေသည်
ခိုင်နေသည်ဟု ယူဆလျှင် သဿတဒိဋ္ဌိ
ဖြစ်နေပြီ။ [သဿတ=ခိုင်မြဲနေသောI
ဒိဋ္ဌိ=အမြင်I အယူအဆ။]
(၂) အချို့ပုဂ္ဂိုလ်တို့ကား ရုပ်နာမ်၂-ပါး
ခန္ဓာငါးပါးကြီး ပျက်စီးသွားလျှင် (ဝါ) သေသွား
လျှင် ပြတ်ပြီI နောက်ထပ် အဆက်အစပ်မရှိ
သည်တစ်ဘဝမျှသာပဲI သစ်ရွက်ကလေးတွေ
ရင့်၍ ဝါရော်လာပြီး ကြွေကျသွားလျှင်
နောက်ထပ် ပြန်ပြီး မစိမ်းစိုတော့I ခြောက်သွေ့
ပြတ်တောက်သွားတော့သည်။
ထို့အတူ ဤပုဂ္ဂိုလ်သည်လည်း
ဘယ်ဘဝသို့မျှ ကူးပြောင်းသွားသည်မရှိI
သည်ဘဝပြီး၍ ပြတ်စဲသွားပြီI နောက်ထပ်
အဆက်အစပ်မရှိI ဤသို့ယူဆစွဲမြဲနေလျှင်
ဥစ္ဆေဒဒိဋ္ဌိဖြစ်နေပြီ။ [ဥစ္ဆေဒ=ပြတ်စဲသွားသောI
ဒိဋ္ဌိ=အမြင်I အယူအဆ။]
(၃) နောက်တစ်မျိုးကား ရုပ်နာမ်၂ပါးI
ခန္ဓာငါးပါးကြီးသည် ပရမတ္ထအားဖြင့်
တကယ်အစစ်အမှန်ရှိ၏I ထို့ကြောင့်
အဲဒီရုပ်နာမ်၂--ပါး ခန္ဓာငါးပါးကို ပါဠိလို
"သက္ကာယ" ဟု ခေါ်ရသည်။
သန္တော ကာယော သက္ကာယော။
[သန္တော--ပရမတ္ထအားဖြင့် တကယ်အစစ်အမှန်
ထင်ရှားရှိသောI ကာယော--ရုပ်နာမ်အပေါင်း
တည်းI သက္ကာယော--ပရမတ္ထအားဖြင့်
တကယ် အစစ်အမှန် ထင်ရှား ရှိသော
ရုပ်နာမ်အပေါင်း။]
သက္ကာယေ+ဒိဋ္ဌိ=သက္ကာယဒိဋ္ဌိ။
[သက္ကာယေ--ပရမတ္ထအာဖြင့် တကယ်အစစ်
အမှန် ထင်ရှားရှိသော ရုပ်နာမ်အပေါင်း၌I
ဒိဋ္ဌိ--အထင်မှား အမြင်မှား ဖြစ်နေခြင်းတည်းI
သက္ကာယဒိဋ္ဌိ
အစစ်အမှန် ထင်ရှား ရှိသော ရုပ်နာမ်
အပေါင်း၌ + အထင်မှား အမြင်မှား
ဖြစ်နေခြင်း။]
(မိုးကုတ်ဆရာတော်ဘုရားကြီး)
တစ်ဘဝ သာသနာ
အရှင် ဃောသိတ
* * * * * * * * * * *
https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။
No comments:
Post a Comment