Saturday, January 21, 2017

မသိလို့ ငိုကြရတာ



ရဟန်းတစ်ပါးက မြတ်စွာဘုရားကို မေးလျှောက်တယ်။
"မြတ်စွာဘုရား ဘာကြောင့် လောကဟူခေါ်ကြသလဲ
လောကဟာ မည်သို့ သဘောဆောင်သလဲဘုရား "
မြတ်စွာဘုရား ရဟန်းရဲ့အမေးကို ပြန်ဖြေတာ
မတည်မြဲ ပြောင်းလဲပျက်စီးတက်လို့ လောကဟူခေါ်တာ
လောကဟာ မတည်မြဲ ပြောင်းလဲပျက်စီးတက်တဲ့
သဘောဆောင်တယ် "
မမြဲတဲ့လောက ပြောင်းလဲတက်တဲ့ လောကထဲမှာနေပြီး
မမြဲတာ ပြောင်းလဲတာတွေနဲ့ ကြုံရင် သတိထားစမ်းပါ
ငါကြုံရတဲ့အရာတွေ မပြောနဲ့ ငါနေတဲ့လောကကြီးလဲ
ပြောင်းလဲတက် ပျက်စီးတက်တယ်ဆိုတာ။.

အပြောကြမ်းတိုင်း သူယုတ်မာ မဟုတ်
.....................................................

မြတ်စွာဘုရားရှိစဉ်က ပိလိန္ဒဝစ္ဆရဟန္တာမထေရ်ကြီး
လူတွေ့ရင် သူယုတ်လို့ ခေါ်တယ် ။

တနေ့လူတစ်ယောက်က ပိတ်ချင်းသီးတွေထမ်းလာတယ်
အဲဒီလူကို ပိလိန္ဒဝစ္ဆမထေရ်က မေးတယ်။

"ဒကာသူယုတ်မာ ဘာတွေထမ်းလာတာလဲ"
ဟိုလူက သူကို သူယုတ်မာခေါ်ရမှာခေါ်ရမလားလို့ စိတ်ဆိုးပြီး "ကြွတ်ချေးတွေ ထမ်းလာတာလို့ ဖြေလိုက်တယ်"

အိမ်ပြန်ရောက်တော့ သူထမ်းလာတာ တကယ်ပဲကြွတ်ချေးတွေဖြစ်နေတယ် ။ ထူးဆန်းလို့
နောက်နေ့ အဲဒီကြွတ်ချေးတွေ ထမ်းပြီး ပိန္ဒဝစ္ဆမထေရ်ရှေ့
ဖြတ်သွားတယ်

ပိလိန္ဒဝစ္ဆမထေရ်က ထပ်မေးတယ်
"ဒကာသူယုတ်မာ ဘာတွေထမ်းလာတာလဲ"
ဟိုလူက ရိုရိုသေသေ ပြန်လျှောက်တယ်။

"မှန်ပါ့ဘုရား တပည့်တော်ထမ်းလာတာ ပိတ်ချင်းသီးတွေပါဘုရား"
အိမ်ပြန်ရောက်တော့ သူထမ်းလာတဲ့ ကြွတ်ချေးတွေက
ပိတ်ချင်းသီးပြန်ဖြစ်သွားတယ်။

ဒီအဖြစ်ကို ရဟန်တွေကြားတော့ ပိလိန္ဒဝစ္ဆမထေရ်ကို
အပြစ်တင်ကဲ့ရဲ့ကြတယ် မြတ်စွားဘုရားကို လျှောက်ကြတယ်

မြတ်စွာဘုရားဟာ ရဟန်တွေပြန်မိန့်တာ
"ချစ်သားတို့ ပိလိန္ဒဝစ္ဆမထေရ်ကို အပြစ်တင်ခြင်း ကဲ့ရဲ့ခြင်း
မပြုကြနဲ့ ပိလိန္ဒဝစ္ဆမထေရ်မှ ဒေါသကင်းသော ရဟန္တာဖြစ်၏
အတိတ်ဘဝက ပုဏ္ဏာမျိုး၌ ဘဝများစွာဖြစ်ခဲ့ဖူး၏ ထိုဘဝက
သူယုတ်ဟူခေါ်ဆိုခြင်း အလေ့အကျင့်ကြောင့် သူယုတ်ဟူခေါ်ဆိုခြင်းဖြစ်၏"

နူက်ကြမ်းတိုင်း သူယုတ်မာ မဟုတ်ပါဘူး
မိဘက သားသမီးကို ပျက်စီးစေလိုစိတ်မရှိဘဲ
တခါတရံ ကြမ်းကြမ်းတမ်းတမ်း ပြောမိတဲ့အခါရှိမယ်

ဆရာက တပည့်ကို ညီအကို မောင်နှမ အချင်းချင်း
သူငယ်ချင်း အချင်းချင်း ပုထုဇဉ်တွေမို့ အပြောကြမ်းတဲ့အခါ ရှိတက်တယ်။

အပြောအဆို ယဉ်ကျေးတာ အကောင်းဆုံးပါ သို့သော်
အပြောအဆိုကြမ်းတာနဲ့ သူယုတ်မာလို့ မထင်ပါနဲ့။..

{နန္ဒဝဂ် ပိလိန္ဒဝစ္ဆသုတ်}

https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။

No comments:

Post a Comment